ဟားခါးမြို့တွင် ကိုဗစ်-၁၉ ရောဂါပိုး‌တွေ့လူနာသစ် ၁၀ ဦးထပ်မံ‌တွေ့ရှိ၊ ၁ ဦး သေဆုံး၊ ၁၃ ဦး ပြန်လည်ကျန်းမာလာ

ဟားခါး          အောက်တိုဘာ          ၁၆

ဟားခါးမြို့တွင် ယမန်နေ့၌ကိုဗစ်-၁၉ ရောဂါပိုး‌တွေ့လူနာသစ် ၁၀ ဦး ထပ်မံတွေ့ရှိပြီး ကိုဗစ်-၁၉ ရောဂါဖြင့် ဆေးကုသမှုခံယူနေသည့် လူနာများအနက် ၁ ဦးသေဆုံးကာ ၁၃ ဦး ပြန်လည် ကျန်းမာလာသဖြင့် ဆေးရုံဆင်းခွင့်ပြုလိုက်ကြောင်း သိရသည်။  

သံသယရှိသူ ၆၆ ဦးကို RDT Test Kit ဖြင့် စစ်ဆေးရာ ၁၀ ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုး‌ တွေ့ရှိခြင်း ဖြစ်သည်။

ဟားခါးမြို့နယ်တွင် ဇွန်လ ၁၀ ရက်နေ့မှ ယနေ့အထိ ရောဂါပိုးတွေ့လူနာ ၁၂၀၉ ဦး၊  ဆေးရုံဆင်းခွင့်ရသူ ၁၀၃၄ ဦး၊ သေဆုံးသူ ၃၅ ဦး၊ ဆေးကုသမှုခံယူဆဲ ၁၄၀ ဦး ရှိသွားပြီဖြစ်ကြောင်းနှင့် ဟားခါးမြို့ကို ယနေ့မှစ၍ အောက်တိုဘာလ ၃၁ ရက်နေ့အထိ Lock Down သတ်မှတ်ထားကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)