တပ်ကုန်း အောက်တိုဘာ ၁၆
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် တပ်ကုန်းမြို့နယ်အတွင်းရှိ အခြေခံပညာအလယ် တန်း၊ အထက်တန်းတို့တွင် ပညာသင်ယူလျှက်ရှိသော အသက်(၁၂)နှစ်အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါဖြစ်ပွားမှုမှ ကြိုတင်ကာကွယ်နိုင်ရန်အတွက် ပထမအကြိမ် ကိုဗစ်ကာကွယ်ဆေး ပဉ္စမရက်ကို ယနေ့နံနက်(၉)နာရီက မြဝတီရပ်ကွက်၊ အမှတ်(၂)အခြေခံ ပညာအထက်တန်းကျောင်းဝန်းအတွင်း ကာကွယ်ဆေးထိုးစုရပ်၌ ထိုးနှံ ပေးခဲ့သည်။
ထိုသို့ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး လာရောက်ထိုးနှံသည့် အသက်(၁၂)နှစ် အထက် ကျောင်းသား၊ကျောင်းသူများအား မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကျန်းမာရေးဌာန၊ ပညာရေးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနနှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များက ကာကွယ်ဆေးမထိုးမီ ကျောင်းသား/သူများ၏ မိဘအုပ်ထိန်းသူ ခွင့်ပြုချက်ရယူခြင်း၊ စာရင်းရေးသွင်းခြင်း၊ အပူချိန် တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်တိုင်းတာပေးခြင်းနှင့် သွေးတွင်းအောက်ဆီဂျင် တိုင်းတာ ခြင်းများပြုလုပ်ပေးခြင်းနှင့် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံပေးခဲ့ပြီးနောက် ကာကွယ်ဆေး ထိုးနှံပြီးသည့် ကျောင်းသား၊/သူများအား မိနစ်(၃၀)ခန့် အနားယူစေပြီး ကျန်းမာရေးစောင့်ရှောက် မှုများဆောင်ရွက်ပေးသည်။ပထမရက်တွင် ကျောင်းသားဦးရေ (၁၀၀)ဦး၊ဒုတိယရက်တွင် ကျောင်းသားဦးရေ(၁၀၀)ဦး၊တတိယရက်တွင် ကျောင်းသား ဦးရေ(၁၀၀)ဦး၊ စတုတ္ထရက်တွင် ကျောင်းသား ဦးရေ(၃၀၀)ဦး၊ စုစုပေါင်း ကျောင်းသားဦးရေ (၆၀၀)ဦးအား ကိုဗစ်ကာကွယ်ဆေး (Sinovac)ထိုးနှံ ပြီးစီးခဲ့ပြီ၊ ပဉ္စမရက်တွင် ကျောင်းသား၊ ကျောင်းသူပေါင်း(၅၀၀)ဦး လျာထားထိုးနှံပေးကြောင်း သိရ သည်။
တပ်ကုန်းမြို့နယ်အနေဖြင့် အခြေခံပညာကျောင်းပေါင်း(၁၆၇)၊ ကိုယ်ပိုင်ကျောင်း(၁၃) ကျောင်းနှင့် ဘုန်းတော်ကြီးသင်ကျောင်း(၆)ကျောင်း၊ စုစုပေါင်း(၁၈၆)ကျောင်းတို့က အသက်(၁၂) နှစ်အထက် ကျောင်းသား၊ကျောင်းသူပေါင်း (၁၃၁၀၀)ဦးအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးကို သတ်မှတ်ရက်များတွင် ကျောင်းအလိုက် ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
တင်စိုးလွင်