ဗန်းမော်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအသုတ်ကို ဒုတိယအကြိမ် စတင်ထိုးနှံပေး

ဗန်းမော် အောက်တိုဘာ ၁၆

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအသုတ်ကို ဒုတိယအကြိမ်စတင်ထိုးနှံပေးခြင်းကို ယနေ့နံနက် ၉ နာရီက ဗန်းမော်မြို့ မြို့တော်ခန်းမ၌ ကာကွယ်ဆေးထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ကာကွယ်ဆေးထိုးနှံပေးရာတွင် ဗန်းမော်မြို့နယ်အတွင်း၌ ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၁၈ ရက်နေ့မှ အောက်တိုဘာလ ၈ ရက်နေ့အထိ လူဦးရေစုစုပေါင်း (၁၄၇၅၀)ဦးအား ဦးစားပေး အုပ်စုများအလိုက်ခွဲ၍ Sinopharm ကာကွယ်ဆေးကို ဒုတိယအသုတ်၊ ပထမအကြိမ်အဖြစ် ကာကွယ်ဆေးထိုးနှံပေးခဲ့ပြီး ယခုအခါ ဒုတိယအကြိမ် ဆေးထိုးနှံပေးခြင်းကို ပြည်သူ့ကျန်းမာရေး ဝန်ထမ်းများနှင့် လူမှုရေးအသင်းအဖွဲ့တို့က ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး လမ်းညွှန်ချက်များ နှင့် အညီ စနစ်တကျ ထိုးနှံပေးလျက်ရှိသည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို အဆင်ပြေစွာ ဆောင်ရွက်နိုင်ရေးအတွက် ဗန်းမော် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီက ကြီးကြပ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။   

ခရိုင်(ပြန်/ဆက်)