လပွတ္တာမြို့နယ်၌ အသက်(၁၂)နှစ်မှ (၁၈)နှစ်အထိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး(Sinovac) ပထမအကြိမ် စတင်ထိုးနှံပေးမည်

လပွတ္တာ အောက်တိုဘာ ၁၆

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်၌ အခြေခံပညာကျောင်းများတွင် ပညာသင်ကြားလျက်ရှိသည့် အသက် (၁၂)နှစ်မှ (၁၈)နှစ်အထိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို  တစ်ရက်လျှင်(၂၀၀)ဦးနှုန်း အောက်တိုဘာ ၁၇ ရက်တွင် ရဲတံခွန် အားကစားခန်းမတွင် စတင်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ထိုသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးရာတွင် လပွတ္တာမြို့ နယ်အတွင်းရှိ ပညာသင်ကြား လျက်ရှိသည့် အသက်(၁၂)နှစ်မှ (၁၈)နှစ်အထိ ကျောင်းသား၊ ကျောင်းသူ အခြေခံပညာအလယ်တန်း ကျောင်းမှ(၁၅၀)ဦးနှင့် အထက်တန်းကျောင်းမှ (၅၀)ဦး စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ(၂၀၀)ဦး တို့အား  နံနက် ၈ နာရီအချိန်တွင် စတင်ထိုးနှံပေးသွားမည်ဖြစ်သည်။

အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းအား မြို့နယ်ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး‌ကော်မတီ၏ ကြီးကြပ်မှုဖြင့် သမားတော်များ၊ မြို့နယ်ကျန်းမာရေး၊ မြို့နယ် ပညာရေး၊ တပ်မတော်သားများ၊ ရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ ဌာနဆိုင်ရာများ၊ လူမှုဝန်ထမ်း၊ စေတနာ့ ဝန်ထမ်းများ ပူးပေါင်း၍ အခြေခံပညာကျောင်းများတွင် ပညာသင်ကြားလျက်ရှိသည့် အသက်(၁၂)နှစ်မှ (၁၈)နှစ်အထိ ကျောင်းသား၊ ကျောင်းသူ(၁၃၈၂၁)ဦးအား ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထား သည့် ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့် အညီ ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ယောဧရာ(ခရိုင်ပြန်/ဆက်)