ငဖဲမြို့နယ် မန်းချောင်းနှင့် ရင်းရှည်ရေလှောင်တမံ ရေပိုလွှဲမှ ဆက်လက်၍ ရေကျော်ကျလျက်ရှိ

ငဖဲ အောက်တိုဘာ ၁၆

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ငဖဲမြို့နယ်တွင် အောက်တိုဘာလ ဒုတိယပတ်အတွင်း နေ့စဉ် မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် တောင်ကျချောင်းရေနှင့်မိုးရေ အဝင်များပြီး မန်းချောင်း ရေလှောင် တမံနှင့် ရင်းရှည်ရေလှောင်တမံ ရေပိုလွှဲများမှ အောက်တိုဘာလ ၁၃ ရက်နေ့ကစ၍ ရေကျော်လျက်ရှိရာ ယနေ့ နံနက် ၆ နာရီအချိန် တိုင်းထွာချက်အရ ဆက်လက်၍ ရေကျော်ကျလျက်ရှိနေကြောင်း ငဖဲမြို့နယ် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲမှုဦးစီးဌာန ဦးစီးမှူး ဦးအောင်ကိုဦးထံမှ သိရသည်။

အဆိုပါ မန်းချောင်းရေလှောင်တမံ၏ ဆည်ရေပြည့်အမှတ်သည် ၆၂၅ ပေဖြစ်ပြီး ယနေ့ နံနက် ၆ နာရီ အချိန် တိုင်းထွာချက်အရ လက်ရှိရေအမှတ်မှာ ၆၂၅.၄ ပေရှိသည့်အတွက် ရေပြည့်အမှတ်ထက် (၀.၄)ပေနှင့် ရင်းရှည်ရေလှောင်တမံ၏ ဆည်ရေပြည့်အမှတ်သည် ၆၀၂ ပေဖြစ်ပြီး လက်ရှိရေအမှတ်မှာ ၆၀၂.၇ ပေ ရှိသည့်အတွက် ရေပြည့်အမှတ်ထက် (၀.၇)ပေခန့် ရေပိုလွှဲမှ ဆက်လက်၍ ရေကျော်ကျလျက်ရှိ သည်။ မြို့နယ်အတွင်းရှိ ရေလှောင်တမံ၊ ရေပိုလွှဲများနှင့် ဆက်စပ်အဆောက်အအုံများအားလုံး ကြံ့ခိုင်ကောင်း မွန်ကြောင်းနှင့် တမံများ၏ အောက်ဘက်ရှိကျေးရွာများမှ စိုးရိမ်ဖွယ်ရာအခြေအနေမရှိကြောင်း အသိပေးဆောင်ရွက်ထားရှိ၍ (၂၄)နာရီ ရေကင်းတာဝန်ချထားပြီး အနီးကပ် ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မယု(ငဖဲ)