ပဲခူးတိုင်းဒေသကြီး အိမ်စောင့်အစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန တိုင်းဒေသကြီး ညွှန်ကြားရေးမှူး သာယာဝတီခရိုင် အတွင်းရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ ဦးစီးမှူးများ၊ ဝန်ထမ်းများနှင့်တွေ့ဆုံ

သာယာဝတီ     အောက်တိုဘာ ၁၆

ပဲခူးတိုင်းဒေသကြီး အိမ်စောင့်စိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီးဌာန ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန တိုင်းဒေသကြီး ညွှန်ကြားရေးမှူး ဦးအောင်မင်းသည် သာယာဝတီခရိုင် (၈)မြို့နယ်မှ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနမှ ဦးစီးမှူးများ၊ ဝန်ထမ်းများနှင့် တွေ့ဆုံပွဲကို သာယာဝတီမြို့နယ် ဆရာစံခန်းမ၌ ယမန်နေ့ နံနက် ၁၀ နာရီခွဲက ပြုလုပ်ခဲ့သည်။

တွေ့ဆုံပွဲသို့ သာယာဝတီခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ  ဦးအေးလူ ၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဆန်းဟို၊ ခရိုင်နှင့်မြို့နယ် ဌာနဆိုင်ရာများ လူဝင်မှုကြီးကြပ်ရေး ဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးလှမျိုးထွန်း၊ မြို့နယ်ဦးစီးမှူး ဦးစန်းထူးနှင့် ဝန်ထမ်းများ ၊ ဝန်ထမ်း အသစ်များ တက်ရောက်ခဲ့ကြောင်းသိရသည်။

တွေ့ဆုံပွဲတွင် တိုင်းဒေသကြီး ညွှန်ကြားရေးမှူး ဦးအောင်မင်းက နိုင်ငံတော်၏ ပန်းခင်းစီမံချက် လုပ်ဆောင်နေမှု အခြေအနေနှင့် ပတ်သက်၍ ရှင်းလင်းပြေားကြားခြင်း၊ ဝန်ထမ်းများ အနေဖြင့် ကိုဗစ်-၁၉ ကာလဖြစ်သည့် အတွက် ကျန်းမာရေး အထူးဂရုစိုက်ကြရန်၊ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ည်းကမ်းချက်များနှင့် အညီ နေထိုင်သွားကြရန်၊ မိမိတို့၏ လုံခြုံရေးအား အထူးဂရုစိုက်ကြန်၊ ဝန်ထမ်းအချင်းချင်း စည်းလုံးညီညွတ်စွာဖြင့် နေထိုင်ကြရန်၊ ဝန်ထမ်းအသစ်များ နေဖြင့်လက်ရှိဝန်ထမ်းများနှင့် ပူးပေါင်း၍ ပန်းခင်းစီမံချက်တွင် ကြိုးစားလုပ်ကိုင် ဆောင်ရွက်စေလိုကြောင်းကျေးလက်ဒေသများသို့ ကွင်းဆင်းစီမံချက်များတွင ဒေသအကျိုးပြုဖြစ်ထွန်းစေရေးတို့အား စီမံချက်အောင်မြင်အောင် ကြိုးစားလုပ်ဆောင်ကြရန် တိုက်တွန်းရှင်းလင်း ပြောကြားခဲ့ကြောင်း သိရသည်။

ထို့နောက် တိုင်းဒေသကြီး ညွှန်ကြားရေးမှူး ဦးအောင်မင်းနှင့်အဖွဲ့သည် သာယာဝတီခရိုင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန ရုံးသို့ ရောက်ရှိပြီး ခရိုင်နှင့်မြို့နယ် ဦးစီးအရာရှိများ ဝန်ထမ်းများ စုစုပေါင်း (၁၅)ဦးဖြင့် ပ်မံတွေ့ဆုံခဲ့ရာ တိုင်းဒေသကြီး ညွှန်ကြားရေးမှူး ဦးအောင်မင်းက ခရိုင်နှင့်မြို့နယ်များ အလိုက် ဦးစီးမှူးများ အနေဖြင့် နိုင်ငံတော်၏ လိုအပ်ချက်စီမံချက်အား အလေးထားကြိုးစား ဆောင်ရွက်စေလိုကြောင်းကွင်းဆင်း ဆောင်ရွက်ကြရာတွင် အမှားအယွင်း မရှိအောင် ကြိုးစားကာ ဦးစီးမှူးများအနေဖြင့် စဉ်ဆက်မပြတ် လိုက်လံကြည့်ရှု ကြီးကြပ်စေလိုကြောင်းနှင့် လိုအပ်သည်များအား အကျယ်တဝင့် မှားကြားခဲ့ကြောင်း သိရသည်။

သန့်ဇော် (ပြန်/ဆက်)