ကော့သောင်းမြို့နယ်အတွင်း အခြေခံပညာ အလယ်တန်းနှင့်အထက်တန်း ကျောင်းသား/သူ များအား ကိုဗစ်-၁၉ ကာကွယ်ဆေး စတင်ထိုးနှံပေး

ကော့သောင်းမြို့နယ်အတွင်းရှိ အခြေခံပညာအလယ်တန်းနှင့် အထက်တန်း ကျောင်းသား/ သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ယမန်နေ့က အောင်သုခရပ်ကွက်၊ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း၊ မြတ်ရတာနာခန်းမတွင် စတင်ထိုးနှံ ပေးခဲ့ကြောင်း သိရသည်။

ပေါက်တောမြို့နယ်၌ အသက်(၁၂)နှစ် နှင့် အထက်ကျောင်းသား/ကျောင်းသူ များအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံလျက်ရှိ

ရခိုင်ပြည်နယ်၊ ပေါက်တောမြို့၌ အခြေခံပညာကျောင်းများရှိ အသက်(၁၂)နှစ် နှင့် အထက် ကျောင်းသား/ ကျောင်းသားများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်စေပြီး ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရေး အတွက် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးကို အ. ထ. ကမြို့မ ကျောင်းစုရပ် ၊ အ. ထ .က(ခွဲ)မြို့မစုရပ်နှင့် မြို့နယ် ထက်၊လယ် ကျောင်း စုရပ် (၂၁)နေရာတို့တွင်ယမန်နေ့ နံနက် (၉:၀၀)နာရီကစတင်ထိုးနှံပေးသည်။

ဘောဂလိမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်ခြင်း လုပ်ငန်းများ ဆောင်ရွက်

ကရင်ပြည်နယ်၊ ဘားအံခရိုင် ၊ဘောဂလိမြို့တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှုကို ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် အသိပညာပေး လုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသော ပြည်သူသို့အသိပေးပန်ကြားချက်များကို ဒေသနေပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိလိုက်နာကြ စေရန် ကရင်၊ မြန်မာနှစ်ဘာသာဖြင့် အသိပညာပေး နှိုးဆော်မှုများကို ဆောင် ရွက်ခဲ့ကြောင်း သိရသည်။

ကြာအင်းဆိပ်ကြီးမြို့၌ ကွမ်းသီးနုများ အဝယ်လိုက်၍ ဈေးကောင်းရ

ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်း၌ ကွမ်းသီးပင်များ စိုက်ပျိုး အောင်မြင် ဖြစ်ထွန်းလျက်ရှိပြီး နှစ်စဉ် ကွမ်းများ ထွက်ရှိသည့် မြို့နယ်တစ်မြို့ဖြစ်ပြီး ကျေးရွာဒေသ အနှံ့အပြား၌ တောင်သူများအနေဖြင့် ကွမ်းသီးပင်စိုက်ပျိုးခြင်းဖြင့် နှစ်စဉ်ရာသီ အလိုက် အပိုဝင်ငွေများ ရရှိကြောင်း သိရသည်။

အောင်လံမြို့နယ်အခြေခံကျောင်းများ၌ အသက် ၁၂ နှစ်အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်ကာကွယ်ဆေး Sinovac ဆက်လက်ထိုးနှံ

မကွေးတိုင်းဒေသကြီး ၊‌ သရက်ခရိုင် အောင်လံမြို့နယ်အတွင်းရှိ အခြေခံပညာအလယ်တန်း၊ အထက်တန်းကျောင်းတို့တွင် ပညာသင်ယူလျက်ရှိသော အသက်၁၂နှစ် အထက်ရှိကျောင်းသား၊ ကျောင်းသူများ အား ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုမှ ကြိုတင်ကာကွယ်နိုင်ရန်အတွက် ပထမအကြိမ် ကိုဗစ်ကာကွယ်ဆေး ဒုတိယရက်ကို ယနေ့နံနက် ၉ နာရီက စတင်၍ ဆက်လက်ထိုးနှံပေးလျှက်ရှိကြောင်း သိရသည်။

လှိုင်းဘွဲမြို့နယ်အတွင်းရှိ အသက်(၁၂)နှစ်အထက် အလယ်တန်း၊ အထက်တန်းကျောင်းသား/သူများ အား ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး စတင်ထိုးနှံ

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်အတွင်းရှိ အသက်(၁၂)နှစ်အထက် အလယ်တန်း၊ အထက်တန်းကျောင်းသား/သူ များအား ပထမအကြိမ် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးစတင်ထိုးနှံခြင်းကို ယမန်နေ့နံနက်(၈)နာရီအချိန်က ဆေးထိုးစုရပ် (၅)နေရာ၌ စတင်ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ပေါင်မြို့နယ်ရှိ အသက်(၁၂)နှစ်နှင့်အထက် ကျောင်းသား/ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ် ဆက်လက်ထိုးနှံပေး

မွန်ပြည်နယ်၊ သထုံခရိုင်၊ ပေါင်မြို့နယ်တွင် ကျောင်းသား/ကျောင်းသူများ ပညာသင်ယူခွင့်အခွင့်အလမ်းများ ရရှိစေရန်နှင့် ကာကွယ်ဆးလွှမ်းခြုံမှု အလျင်အမြန်ရရှိစေရေးအတွက် အသက် (၁၂)နှစ်နှင့်အထက် ကျောင်းသား/ ကျောင်းသူ များအား အောက်တိုဘာ ၁၈ရက် နံနက် ၉နာရီက အလှပ်ကျေးရွာ အ.ထ.က ကျောင်းနှင့် သဲကုန်းကျေးရွာ အ.ထ.ကကျောင်း စုရပ်များတွင် ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ရွာသစ်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် မြန်မာ၊ ရှမ်း၊ ကယား သုံးဘာသာဖြင့် အသိပေးနှိုးဆော်

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ရွာသစ်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ရောဂါထိန်းချုပ်ရေးလုပ်ငန်း အောင်မြင်နိုင်ရေး အတွက် ပြည်သူလူထုများ ပူးပေါင်းပါဝင်လိုက်နာရမည့် ကျန်းမာရေး ညွှန်ကြားချက်များအား မြန်မာ၊ ရှမ်း၊ ကယား သုံးဘာသာဖြင့် အသိပေး နှိုးဆော်ခြင်းကို ယနေ့နံနက်ပိုင်းက မြောက်ပိုင်းရပ်ကွက်၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သရက်မြို့၌ အသက်(၁၂)နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးဆက်လက် ထိုးနှံပေး

မကွေးတိုင်းဒေသကြီး သရက်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ အသက်(၁၂)နှစ်နှင့် အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းများကို ယနေ့ နံနက် ၉ နာရီ က သတ်မှတ် စုရပ်နေရာများဖြစ်သော အခြေခံပညာကျောင်းများတွင် ဆက်လက်ထိုးနှံပေး လျက်ရှိကြောင်း သိရသည်။

အသက်(၁၂)နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးသည့် အခြေအနေနှင့် ပတ်သက်၍ မိဘနှင့် ကျောင်းသားတို့၏ ရင်တွင်းပီတိ စကားသံများ

ကျိုက်လတ်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ပညာသင်ကြားနေသော အသက် (၁၂)နှစ်နှင့် အထက် ကျောင်းသားကျောင်းသူများကို ယနေ့ နံနက်၉နာရီက အထက(၁) ကျောင်းတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးသည့် အခြေအနေနှင့်ပတ်သက်၍ ကျောင်းသား မိဘတစ်ဦးနှင့်‌ ပထမဆုံးကာကွယ် ဆေးထိုးခဲ့တဲ့ ကျောင်းသားတစ်ဦးတို့၏ ရင်တွင်းပီတိစကားသံများကို ဖော်ပြလိုက်ရပါတယ်။
Subscribe to