ရွှေဘိုမြို့နယ်အတွင်း အသက်(၁၂)နှစ်အထက်ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်ကာကွယ်ဆေး ထိုးနှံမည့် အခြေအနေများနှင့် ပတ်သက်၍ တွေ့ဆုံမေးမြန်းခြင်း

ရွှေဘိုမြို့နယ် အတွင်း အခြေခံပညာကျောင်းများ၌ ပညာသင်ကြားလျက်ရှိသော အသက်(၁၂)နှစ်အထက် အခြေခံပညာ အလယ်တန်းနှင့် အထက်တန်း ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ကူးစက်မြန် ရောဂါကာကွယ်ဆေးထိုးနှံနိုင်ရေး ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် ပတ်သက်၍ ရွှေဘို​မြို့နယ်ပညာရေးမှူးရုံးမှဒုတိယ မြို့နယ်ပညာရေးမှူး ဦးညွန့်အောင်နှင့် တွေ့ဆုံမေးမြန်းမှုကိုရေးသား ဖော်ပြလိုက် ပါသည်။

သဲကုန်းမြို့နယ်ရှိ အခြေခံပညာကျောင်းများမှ အသက် ၁၂ နှစ်အထက် ကျောင်းသား၊ ကျောင်းသူ များအား ကာကွယ်ဆေး စတင်ထိုးနှံ

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ အသက် ၁၂ နှစ် အထက်ရှိသော ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Sinovac) ထိုးနှံပေးခြင်းအား ယမန်နေ့မှစတင်၍ ထိုးနှံ ပေးလျက်ရှိသည်။

တောင်ဥက္ကလာပမြို့နယ်တွင် အသက်(၁၂)နှစ်အထက် ကျောင်းသား၊ ကျောင်းသူများ ကိုဗစ်-၁၉ ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပေး

ရန်ကုန်တိုင်းဒေသကြီး၊ အ‌‌ရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်အတွင်းရှိ အသက်(၁၂)နှစ်အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံခြင်းအား ယမန်နေ့ နံနက် ၉ နာရီအချိန်က အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း၌ မြို့နယ် အဆင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ စီစဉ်ဆောင်ရွက်မှုဖြင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီး ဌာနမှ ကျန်းမာရေးဝန်ထမ်း များမှ ကိုဗစ်ကာကွယ်ဆေးများ ပထမအကြိမ် စတင်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ရန်ကုန်တိုင်း​ဒေသကြီးဝန်ကြီးချုပ် လှိုင်မြို့နယ်အတွင်းရှိ ​ကျောင်းများတွင် အသက်(၁၂)နှစ်အထက် ကျောင်းသား၊ ကျောင်းသူ များအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းကို ကြည့်ရှု အားပေး

ရန်ကုန်တိုင်း​ဒေသကြီး လှိုင်မြို့နယ်အတွင်း အခြေခံပညာအထက်တန်း၊ အလယ်တန်းကျောင်းများတွင် ကျောင်းအပ်နှံထားသော အထက်တန်း၊ အလယ်တန်း အသက် ၁၂ နှစ်အထက် ကျောင်းသား/ သူများအား ကိုဗစ် ၁၉ ကာကွယ်ဆေးထိုးနှံခြင်းကို လှိုင်မြို့နယ်၊ အမှတ် ၁၂ရပ်ကွက်၊ YUFC ဘောလုံးကွင်း၊ အားကစားရုံတွင် ကာကွယ်ဆေးထိုးနှံပေးလျက်ရှိရာ ရန်ကုန်တိုင်း ဒေသကြီး ၀န်ကြီးချုပ်နှင့်အဖွဲ့၊ အနောက်ပိုင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌတို့မှ လာရောက်ကြည့်ရှု အားပေးပြီး လိုအပ်သည် များ မှာကြားပြီး ဆေးထိုးနှံပေးနေမှုကို လည့်လည်ကြည့်ရှု အားပေးခဲ့ပါသည်။

လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်တွင် အသက်(၁၂)နှစ်အထက် ကျောင်းသား၊ ကျောင်းသူများအား ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး စတင်ထိုးနှံ

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အနောက်ပိုင်း) မြို့နယ်တွင် မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှု၊ မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု နှုန်းလျော့ချရေးနှင့် ကျောင်းနေအရွယ်ကလေးတိုင်း ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ဖို့အတွက် မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာန ကျန်းမာရေးဝန်ထမ်းများနှင့် တာဝန်ရှိသူများ ပူးပေါင်း၍ လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ အသက်(၁၂)နှစ် အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်း လုပ်ငန်းကို ယမန်နေ့ နံနက်ပိုင်းက စတင်၍ လှိုင်သာယာ(အနောက်ပိုင်း) မြို့နယ် အ.ထ.က (၈)ကျောင်းရှိ ရတနာထွန်းခန်းမ၌ ကာကွယ်ဆေး စတင် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ပျော်ဘွယ်မြို့နယ်အတွင်းရှိ အသက်(၁၂)နှစ်နှင့်အထက် ကျောင်းသား/ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး စတင်ထိုးနှံ

ပျော်ဘွယ်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ပညာသင်ကြားနေသော အသက်(၁၂)နှစ်နှင့် အထက် ကျောင်းသား၊ ကျောင်းသူ များအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး(Sionvic)ထိုးနှံခြင်းကို ယမန်နေ့ နံနက်(၈)နာရီမှ စတင်ကာ အမှတ်(၁)နှင့် အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်းတို့တွင် စတင်ထိုးနှံ ပေးလျက်ရှိကြောင်း သိရသည်။

ကျွန်းစုမြို့တွင် အသက်(၁၂)နှစ်ပြည့်ပြီး‌သူ ကျောင်းသား/သူများအား ကာကွယ်ဆေး ဆက်လက်ထိုးနှံ ပေး

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် ကျောင်းသား/သူများ ပညာသင်ယူခွင့် အခွင့်လမ်းများ ရရှိစေရန်နှင့် ကာကွယ်ဆေး လွှမ်းခြုံမှု အလျင်အမြန် ရရှိစေရေးအတွက် အသက်(၁၂)နှစ်ပြည့်ပြီး‌သူ ကျောင်းသား/သူများအား ယနေ့ နံနက်(၉)နာရီအချိန်က တာရပိုင်းကျေးရွာ၊ ပထက်ကျေးရွာနှင့် ကျွန်းစုမြို့ပေါ်ရှိ အခြေခံပညာကျောင်းများ၌ ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး ညွှန်ကြားချက်များ ပြည်သူများ ပိုမိုသိရှိနိုင်ရေး မြန်မာ၊ ကယား နှစ်ဘာသာဖြင့် အသိပေး နှိုးဆော်မှုများဆောင်ရွက်

လွိုင်ကော်မြို့အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး ညွှန်ကြားချက်များကို ပြည်သူများ ပိုမိုသိရှိ လိုက်နာနိုင်ရေး အသိပေး နှိုးဆော်မှုများအား ရပ်ကွက်များ၊ကျေးရွာများနှင့် လူစည်ကားရာ နေရာများတွင် မြန်မာ၊ ကယား နှစ်ဘာသာဖြင့် အသံချဲ့စက် များ၊ လက်ကိုင်စကားပြော အသံချဲ့စက်ဖြင့် သတိပေးနှိုးဆော်မှုများကို လွိုင်ကော်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် မြို့နယ်စည်ပင် သာယာရေးအဖွဲ့တို့ကနေ့စဉ် ပူးပေါင်းဆောင်ရွက်လျက်ရှိရာ ယနေ့တွင်လည်း လွိုင်ကော်မြို့နယ် အတွင်း ဆက်လက်ဆောင်ရွက်သည်။

ကျောက်ဆည်မြို့တွင် ပန်းခင်းစီမံချက် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့တွင် ပန်းခင်းစီမံချက်ဖြင့် ပြည်သူများအား မှတ်ပုံတင်နှင့် အိမ်ထောင်စုလူဦးရေစာရင်း အခမဲ့ဆောင်ရွက်ပေး နေသည့်အကြောင်း ကျယ်ကျယ်ပြန့်ပြန့် သိရှိနို်ငရေး အသိပညာပေး လက်ကမ်းစာစောင်များကို ယနေ့နံနက်(၉)နာရီခွဲက မြို့နယ်လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးအောင်ထားရွှေနှင့် ဝန်ထမ်းများက ပြည်သူများ အသွားအလာများသည့် မြို့မဈေးကြီးနှင့် ကျောက်ဆည်မြို့နှင့် ကျေးရွာချင်းဆက် တံစိုးဂိတ်လမ်းဆုံနေရာတို့တွင် ပန်းခင်းစီမံချက်အကြောင်း အသိပညာပေး လက်ကမ်းစာစောင် အစောင်ရေ(၁၀၀၀) ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရသည်။

ကျောက်ဆည်မြို့တွင် ပန်းခင်းစီမံချက်ဖြင့် မှတ်ပုံတင်နှင့်အိမ်ထောင်စုလူဦးရေးစာရင်း အခမဲ့ဆောင်ရွက်ပေးနေသည့် ပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့တွင် ပန်းခင်းစီမံချက်ဖြင့် ပြည်သူများအား မှတ်ပုံတင်နှင့် အိမ်ထောင်စု လူဦးရေ စာရင်း အခမဲ့ ဆောင်ရွက်ပေးနေသည့်အကြောင်း ကျယ်ကျယ်ပြန့်ပြန့်သိရှိနို်ငရေး အသိပညာပေး လက်ကမ်းစာစောင်များကို ယမန်နေ့နံနက်(၁၀)နာရီခွဲက မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးအောင်ထားရွှေနှင့်ဝန်ထမ်းများက ပြည်သူများ အသွားအလာများသည့် မြို့မဈေးကြီးနှင့် ကျောက်ဆည်မြို့နှင့် ကျေးရွာချင်း ဆက် တံစိုးဂိတ်လမ်းဆုံနေရာတို့တွင် ပန်းခင်းစီမံချက်အကြောင်း အသိပညာပေးလက်ကမ်းစားစောင် အစောင်ရေ(၁၀၀၀) ဖြန့်ဝေ ပေးခဲ့ကြောင်း သိရှိ ရသည်။
Subscribe to