ကျိုက်ဒုံ အောက်တိုဘာ ၁၈
ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကျိုက်ဒုံမြို့သည် ဝဥများစိုက်ပျိုးရာတွင် အောင်မြင်ဖြစ်ထွန်းပြီး ယခုနှစ် တွင် ဝဥများ ဈေးကောင်းရရှိ၍ တစ်ပိုင်တစ်နိုင် ဝဥစိုက်ပျိုးတောင်သူ များ မိသားစု အပိုဝင်ငွေ ရရှိနေကြ ကြောင်း သိရသည်။
ယခုနှစ်တွင် ယမန်နှစ်များကထက် ဝဥများ ထွက်ရှိမှု ပိုများကာ ကျိုက်ဒုံမြို့ပေါ်၌ ယခု ဝဥပေါက်စျေးနှုန်းမှာ ဝဥတစ်ပိဿာလျှင် ငွေ (၁၀၀၀) ကျပ်အထိ ပေးဝယ်ရပြီး ဈေးကွက် အတွင်း၌ ဝယ်လိုအား ကျဆင်းမှု မရှိသောကြောင့် တစ်ပိုင် တစ်နိုင် ဝဥစိုက်ပျိုး တောင်သူများနှင့် ဝဥရောင်းဝယ်သူများ နေ့စဉ်ပုံမှန်ဝင်ငွေ ရရှိနေကြသည်ဟု ဝဥစိုက် ပျိုးသည့် တောင်သူများထံမှ သိရသည်။
အဆိုပါ ဝဥများကို ကော့ကရိတ်မြို့၊ ကြာအင်းဆိပ်ကြီး၊ မုဒုံ၊မော်လမြိုင်မြို့အထိ တင်ပို့ ရောင်းချကြောင်း သတင်း ရရှိသည်။
သန်းထွန်းနိုင်(ကျိုက်ဒုံ)