ကယားပြည်နယ် အောက်တိုဘာ ၁၈
လွိုင်ကော်ပြည်သူ့ဆေးရုံကြီးတွင် Genexpert ဖြင့် (၂)ဦး စစ်ဆေးခဲ့ရာ(၁)ဦး ပို့းတွေ့ရှိခဲ့ပြီး ကယားပြည်နယ်အတွင်းရှိ မြို့နယ်များတွင် Quarantine ထားရှိသူများနှင့် အောက်တိုဘာလ (၁၈)ရက်နေ့အထိ အနံ့ပျောက်၍ လာရောက်ပြသသူ များ၊ ၎င်းတို့နှင့်ထိတွေ့ ဆက်စပ်သူ(၁၁၂) ဦးတို့ အား Covid-19 Antigen Rapid Diagnostic Test (RDT) ဖြင့် စစ်ဆေးခဲ့ရာ (၂၂) ဦးမှာ Positive ဖြစ်ပါ သဖြင့် ယနေ့ပိုးတွေ့လူနာသစ် (၂၃)ဦးရှိရာ ၎င်းပိုးတွေ့လူနာများ အနက် လွိုင်ကော်ဆေးရုံကြီးတွင် (၈) ဦး၊ လွိုင်ကော်မြို့နယ်ရှိ (PMC)များတွင်(၂)ဦး၊ ဘောလခဲမြို့နယ်ဆေးရုံတွင် (၃)ဦး၊ ဘောလခဲမြို့နယ် တပ်မတော်ဆေးရုံတွင် (၁)ဦး၊ ဘောလခဲမြို့နယ်ရှိ (PMC)များတွင် (၃)ဦး၊ ဖားဆောင်းမြို့နယ် ဆေးရုံတွင် (၂)ဦး၊ ဖားဆောင်းမြို့နယ်ရှိ (PMC)များတွင်(၄)ဦး ထားရှိကုသပေးလျက်ရှိ ကြောင်း သိရှိရသည်။
ယနေ့တွင် ကယားပြည်နယ်၌ ကိုဗစ်-၁၉ ပိုးတွေ့လူနာသစ် (၂၃) ဦးရှိရာ ယခုထပ်မံ တွေ့ရှိချက်အရ ကယားပြည်နယ်တွင် အတည်ပြုလူနာစုစုပေါင်း (၄၃၈၀) ဦးရှိပြီး ဆေးရုံဆင်း လူနာ(၃၈၈၉)ဦး၊ သေဆုံးလူနာ(၁)ဦးမှာ ဘောလခဲမြို့နယ်မှ ဖြစ်ပြီး သေဆုံးလူနာ စုစုပေါင်းမှာ(၁၇၅)ဦးရှိပြီဖြစ်ကြောင်း သိရသည်။
ကယားပြည်နယ်၌ ကိုဗစ်-၁၉ ပိုးတွေ့လူနာများကို လွိုင်ကော်မြို့ ပြည်သူ့ဆေးရုံကြီးတွင် (၁၀၃) ဦး၊ Positive Medical Centre များတွင် (၅၂)ဦး ၊ ဖရူဆိုမြို့နယ်တွင်(၁)ဦး၊ ဘောလခဲမြို့နယ်တွင် (၇၀)ဦး၊ ဖားဆောင်းမြို့နယ်တွင် (၅၈)ဦးနှင့် မယ်စဲ့မြို့နယ်တွင် (၃၂)ဦး၊ စုစုပေါင်း (၃၁၆) ဦးအား ကုသပေးလျက် ရှိကြောင်း ကယားပြည်နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီထံမှ သိရှိရ သည်။
လွိုင်ကော် ပြန်/ဆက်