ကော့သောင်း အောက်တိုဘာ ၁၈
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ပြစ်ဒဏ်လွတ်ငြိမ်းခွင့် အမိန့် အမိန့်အမှတ် (၁၈၆/၂၀၂၁) ကို အောက်တိုဘာလ ၁၈ ရက်နေ့၌ ထုတ်ပြန်ပြီးသည့် နောက် အဆိုပါ နေ့ညနေပိုင်းက တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်း အကျဉ်းထောင်မှ အချုပ်သား/သူ (၄၆) ဦးအား လွှတ်ပေးခဲ့ကြောင်း သိရသည်။
လွတ်ငြိမ်းချမ်းသာခွင့်ပြုခဲ့သည့် အချုပ်သား/ သူများကို ကော့သောင်းအကျဉ်းထောင် အစည်းအဝေးခန်းမတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ချို၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၁)၊ မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့် ထောင်ပိုင်ကြီးတို့က ဆုံးမစကားပြောကြားပြီး ထောင်လွတ်လက်မှတ်နှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး နှစ်ကြိမ်ထိုးနှံ ပြီးကြောင်း လက်မှတ်များ ပေးအပ်ခဲ့သည်။
ယနေ့ ကော့သောင်းမြို့နယ်တွင် လွတ်မြောက်ခဲ့သည့် အချုပ်သား အမျိုးသား (၃၇) ဦး၊ အမျိုးသမီး (၉) ဦး၊ စုစုပေါင်း (၄၆) ဦးဖြစ်ကြောင်း သိရသည်။
ကျော်စိုး (ကော့သောင်း)