ဒေါပုံမြို့နယ် နွယ်အေးရပ်ကွက်တွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများပေးအပ်

ဒေါပုံ အောက်တိုဘာ ၁၉

ဒေါပုံမြို့နယ်နွယ်အေးရပ်ကွက်တွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားပေးအပ် ခြင်းကို ယမန်နေ့ နံနက်(၁၀)နာရီအချိန်က အဆိုပါရပ်ကွက်စကား(၃)လမ်းရှိ ဟိန္ဒူဘုရားရှိခိုး ကျောင်း၌ ပေးအပ်ရာ မြို့နယ်အ‌ထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်မင်းအေး၊ ကော်မတီဝင်(၁) ဗိုလ်မှူး‌ကျော်စိုးဦး၊ လ.၀.က မြိုနယ်ဦးစီးမှူး ဦးမိုးကျော်သူညွန့်တို့ တက်ရောက်ခဲ့ကြသည်။

ပေးအပ်ပွဲတွင် လ.၀.ကမြို့နယ်ဦးစီးမှူး ဦးမိုးကျော်သူညွန့်နှင့် လက်ထောက်ဦးစီးမှူး ဒေါ်အေးအေးခိုင်တို့က နိုင်ငံသားကတ်ပြား ပြုလုပ်ပေးရခြင်း ရည်ရွယ်ချက်များကို အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့သည်။

ယင်းနောက် ပန်းခင်းစီမံချက်ဖြင့် အောက်တိုဘာ(၇)ရက်က ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည့် နိုင်ငံသား စိစစ်ရေး ကတ်ပြား(၇၄)ဦးကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်မင်းအေး၊ မြို့နယ် လ.ဝ.က ဦးစီးမှူး ဦးမိုးကျော်သူညွန့်၊ လက်ထောက်ဦးစီးမှူး ဒေါ်အေးအေးခိုင်နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးအေးသောင်းတို့က ပြည်သူများ လက်ဝယ်သို့ပေး အပ်ခဲ့ကြောင်း သိရှိရသည်။

ခင်မာဝေ(ပြန်/ဆက်)