မြစ်သားမြို့နယ်တွင် (၇၆)ကြိမ်မြောက်(၃၈) ဖြာ မင်္ဂလာတရားတော်နှင့်ဗုဒ္ဓဝင်စာမေးပွဲ ပထမအဆင့်နှင့် ဒုတိယအဆင့်စာမေးပွဲကျင်းပ
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူ လူငယ်လူရွယ် များဘာသာတရားကိုကိုင်းရှိုင်းပြီး ယဉ်ကျေးလိမ္မာသူ များစွာပေါ်ထွန်းလာစေရန်ရည်ရွယ်၍ ရန်ကုန်မြို့၊ ဝိုင်အမ်ဘီအေဗုဒ္ဓဘာသာ ကလျာဏယုဝအသင်း (ဗဟို)ကကြီးမှူးကျင်းပသော (၇၆) ကြိမ်မြောက် (၃၈) ဖြာမင်္ဂလာတရားတော်နှင့်ဗုဒ္ဓဝင်စာမေးးပွဲ ပထမအဆင့်နှင့် ဒုတိယအဆင့်စာမေးပွဲများကို နိုဝင်ဘာ ၂၈ ရက်မွန်းလွဲ ၁ နာရီက ရွှေမုဋ္ဌောစေတီတော်မြတ်ကြီးရှိ ဝေယံဘုမ်မြင့်ဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။