ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ချင်းပြည်နယ်တာဝန်ခံနှင့် ပြည်နယ်အစိုးရအဖွဲ့မှ တာဝန်ရှိသူများ၊ MEVM မဲပေးစက်လုပ်ငန်းဆိုင်ရာကြီးကြပ်မှုအဖွဲ့၊ MEVM စက်နည်းပညာ အထောက်အကူပြုအဖွဲ့များနှင့် တွေ့ဆုံပွဲအခမ်းအနား ကျင်းပ

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ချင်းပြည်နယ်တာဝန်ခံနှင့် ပြည်နယ်အစိုးရအဖွဲ့မှ တာဝန်ရှိသူများ၊ MEVM မဲပေးစက်လုပ်ငန်းဆိုင်ရာ ကြီးကြပ်မှုအဖွဲ့၊ MEVM စက်နည်းပညာ အထောက်အကူပြုအဖွဲ့များနှင့် တွေ့ဆုံပွဲအခမ်းအနားကို ယနေ့နံနက် (၁၀)နာရီက  ဟားခါးမြို့၊ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ချင်းပြည်နယ်တာဝန်ခံ ဦးအောင်မိုးမြင့်၊ ခေတ္တချင်းပြည်နယ်ဝန်ကြီးချုပ်၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ခင်မောင်ထွေး၊ စီးပွားရေးရာဝန်ကြီး ဒေါက်တာလျန်ဇခုပ်၊ သယံဇာတရေးရာဝန်ကြီး ဦးကောလ်လျန်ထန်း၊ စစ်ဗျူဟာ(အခြေချ) ဟားခါး စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ဇော်လင်းထွန်း၊ MEVM မဲပေးစက်လုပ်ငန်းဆိုင်ရာကြီးကြပ်မှုအဖွဲ့နှင့် နည်းပညာ အထောက်အကူပြုအဖွဲ့တို့မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

အင်းစိန်မြို့နယ် အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုနှင့် လူငယ်စကားဝိုင်း၊ ဟောပြောပွဲ၊ ပြပွဲ၊ ပြိုင်ပွဲများ ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ် အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၊ အောင်ဆန်းခန်းမ၌ စာဖတ်ရှိန်မြှင့်တင်‌ရေးလှုပ်ရှားမှု လူငယ်စကားဝိုင်းနှင့်ဟောပြောပွဲ၊ ပြပွဲ၊ ပြိုင်ပွဲများကို ယမန်နေ့နံနက် (၁၀)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

ကယားပြည်နယ်ဝန်ကြီးချုပ် တက္ကသိုလ်များနှင့် ဒီဂရီကောလိပ်ကျောင်းများ သန့်ရှင်းသာယာရေး ဆောင်ရွက်မှု ကြည့်ရှုအားပေး

ကယားပြည်နယ်အစိုးရအဖွဲ့မှ မြို့သန့်ရှင်းသာယာလှပရေးနှင့် တက္ကသိုလ်များ၊ ကောလိပ် ကျောင်းများနှင့် အခြေခံကျောင်းများသန့်ရှင်းသာယာရေးအတွက် စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်က ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်သည် ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များလိုက်ပါလျက် ကွန်ပျူတာတက္ကသိုလ်နှင့် လွိုင်ကော်ပညာရေးဒီဂရီကောလိပ်ကျောင်းများတွင် သန့်ရှင်းသာယာရေးဆောင်ရွက်နေမှုကို ကြည့်ရှုအားပေးခဲ့သည်။

မချမ်းဘောမြို့နယ်တွင် ပြည်သူများ မဲစာရင်းကျန်ရှိမှုမရှိစေရေး မြေပြင်ကွင်းဆင်းတိုက်ဆိုင်စစ်ဆေး

ကချင်ပြည်နယ်၊ ပူတာအိုခရိုင် မချမ်းဘောမြို့နယ်တွင် မကြာမီကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကော်ပွဲတွင် မဲဆန္ဒရှင်ပြည်သူများ မဲစာရင်းတွင်ပါဝင်နိုင်ရေးနှင့် အချက်အလက်များ ပြည့်စုံမှန်ကန်မှုရှိစေရေးတို့အတွက် ယနေ့နံနက် ၁၀ နာရီက မချမ်းဘောမြို့ အမှတ်(၃)ရပ်ကွက်တွင် သက်ဆိုင်ရာတာဝန်ရှိသူများက တစ်အိမ်တက်တစ်အိမ်ဆင်း လိုက်လံကွင်းဆင်း ဆောင်ရွက်လျက်ရှိသည်။

ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်တွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူအားလုံး မဲစာရင်းမကျန်ရှိစေရေး တာဝန်ရှိသူများ တစ်အိမ်တက်ဆင်း ကွင်းဆင်းဆောင်ရွက်

 ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၌ ၂၀၂၅ ပြည့်နှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးရန် သတ်မှတ်ချက်နှင့်ကိုက်ညီသော မဲဆန္ဒရှင်ပြည်သူများ မဲစာရင်းတွင် ပါဝင်နိုင်စေရေး၊ အချက်အလက်များ ပြည်စုံမှန်ကန်စေရေးနှင့်ဆန္ဒမဲ‌ပေးပိုင်ခွင့်မဆုံးရှုံး‌စေရေးတို့အတွက် နိုဝင်ဘာ၂၈ရက်နေ့ နံနက်ပိုင်းမှစတင်၍ ရပ်ကွက်၊ ကျေးရွာများအတွင်းအဖွဲ့များခွဲ၍ သက်ဆိုင်ရာ တာ၀န်ရှိသူများက တစ်အိမ်တက်ဆင်း လိုက်လံ၍ ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။

ပုဇွန်တောင်မြို့နယ်တွင် မဲစာရင်း မှန်ကန်မှုရှိစေရေး အစည်းအဝေးကျင်းပ

 ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်နေ့တွင် စတင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် နိုဝင်ဘာ ၂၇ ရက်နေ့ နေ့လယ်  ၂ နာရီက အထွေထွေအုပ်ချုပ်ရေးအစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို  ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများအား ကြည့်ရှုစစ်ဆေး

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကိုသည် တိုင်းဒေသကြီးဝန်ကြီးများနှင့်အတူ တာဝန်ရှိသူများလိုက်ပါလျက် ယနေ့နံနက်ပိုင်းတွင် ထားဝယ်မြို့ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းဝင်းအတွင်း စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများအားကြည့်ရှုစစ်ဆေးသည်။

ချမ်း​မြသာစည်မြို့နယ်၌ မဲစာရင်းပြည့်စုံမှန်ကန်စေရေး မြေပြင်ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ ချမ်းမြသာစည်မြို့နယ်အတွင်းရှိ ရပ်ကွက်များတွင် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်နေ့တွင် စတင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး၊ မဲစာရင်းတွင်မပါဝင်သင့်သူများ မပါဝင်စေရေး၊ ပါဝင်သင့်သူများ ကျန်ရှိမှုမရှိစေရေး door to door အစီအစဉ်ဖြင့် မြေပြင်ကွင်းဆင်းစာရင်းကောက်ယူခြင်းကို ယနေ့နံ နက်ပိုင်းက စတင်စာရင်းကောက်ယူခဲ့သည်။

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီး ဦးရွှေဇင် ပျော်ဘွယ်မြို့နယ်တွင် ဆန္ဒမဲပေးနိုင်ရန် အသက်(၁၈)နှစ်ပြည့်ပြီးသူများ မကျန်ရှိစေရေး စာရင်းကောက်ယူနေမှု၊ စာရင်းဖြည့်သွင်းနေမှုတို့ကို ကြည့်ရှုအားပေး

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီး ဦးရွှေဇင်သည် ပျော်ဘွယ်မြို့သို့ ယမန်နေ့ မွန်းလွဲ ၂ နာရီခွဲကရောက်ရှိပြီး မြို့မရဲစခန်းအတွင်း မဲပေးစက်များထိန်းသိမ်းထားမှု မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးတွင် မဲဆန္ဒရှင်စာရင်းများပြင်ဆင်ဖြည့်သွင်းနေမှု၊ ရပ်ကွက်အချို့၌ မဲဆန္ဒရှင်စာရင်းကျန်ရှိမှု မရှိစေရေး စာရင်းကောက်ယူနေမှုတို့ကို ကြည့်ရှုအားပေးသည်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း (၅၁)နှစ်မြောက် ရခိုင်ပြည်နယ်နေ့အထိမ်းအမှတ် လူငယ်စကားဝိုင်းဆွေးနွေးပွဲ၊ (၅၁)နှစ်မြောက် ရခိုင်ပြည်နယ်နေ့အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေးညှိနှိုင်းအစည်းအဝေး တက်ရောက်

(၅၁)နှစ်မြောက် ရခိုင်ပြည်နယ်နေ့အထိမ်းအမှတ် လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက စစ်တွေတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ စစ်တွေတက္ကသိုလ်မှ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်၊ ပါမောက္ခများ၊ ဌာနမှူးများ၊ ဌာနဆိုင်ရာများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများတက်ရောက်ကြသည်။
Subscribe to