တောင်သာမြို့နယ်၌ မြို့ပေါ်(၆)ရပ်ကွက်တွင် Door to Doorဖြင့် မဲဆန္ဒရှင်စာရင်းပြည့်စုံမှန်ကန်စေရေးကွင်းဆင်းဆောင်ရွက်

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် အသက်(၁၈)နှစ်နှင့်အထက် မဲပေးပိုင်ခွင့်ရှိသည့် နိုင်ငံသားတိုင်း၊ နိုင်ငံသားအခွင့်အရေးမဆုံးရှုံးစေရန် ဆန္ဒမဲပေးနိုင်ရေးအတွက် ဒုတိယအကြိမ်မဲစာရင်းများအပေါ် မြို့ပေါ်(၆)ရပ်ကွက်တွင် Door to Door ဖြင့် မဲဆန္ဒရှင်စာရင်းပြည့်စုံမှန်ကန်စေရေး ကွင်းဆင်း တိုက်ဆိုင်စစ်ဆေးခြင်းများကို ယမန်နေ့ နံနက်ပိုင်းမှစတင်ကာ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မြိတ်ခရိုင်၏ ရေကြောင်းပို့ဆောင်ရေးလုပ်ငန်း အောင်မြင်ရေး၊ ပြည်သူများသွားလာမှု အဆင်ပြေချောမွေ့မှုရှိရေး၊ ခရီးသွားများ လုံခြုံမှုရှိရေး အစည်းအဝေး ပြုလုပ်

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၏ ရေကြောင်းပို့ဆောင်ရေးလုပ်ငန်းအောင်မြင်ရေး၊ ပြည်သူများသွားလာမှု အဆင်ပြေချောမွေ့မှုရှိရေး၊ ခရီးသွားများ လုံခြုံမှုရှိစေရေးအတွက် ယမန်နေ့ နံနက်ပိုင်းက မြိတ်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဧည့်ရိပ်သာအစည်းအဝေးခန်းမ၌ တိုင်းဒေသကြီးလမ်းပန်းဆက်သွယ‌ေရေးဝန်ကြီး ဦးအောင်ဇော်လှိုင် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် Speed Boat လုပ်ငန်းရှင်များ၊ ခရီးသွားလုပ်ငန်းရှင်များတွေ့ဆုံ၍  အစည်းအဝေးပြုလုပ်ခဲ့သည်။

စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် အသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းထုတ်ကုန်များ ဈေးရောင်းပွဲတော် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်

အသေးစား၊အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းထုတ်ကုန်များ ဈေးရောင်းပွဲတော်ဖွင့်ပွဲအခမ်းအနားကို နိုဝင်ဘာလ ၂၈ ရက်၊ နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ချမ်းမြဝတီရပ်ကွက်ရှိ ပြည်သူ့ဥယျာဉ်တွင် ကျင်းပပြုလုပ်ရာ ဖွင့်ပွဲအခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီးတရားသူကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် ဝန်ထမ်းများ၊ မုံရွာမြို့ပေါ်ရှိ မြို့မိမြို့ဖများ၊ တက္ကသိုလ်/ဒီဂရီကောလိပ်များမှ ဆရာ/ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့်ရပ်ကွက်နေပြည်သူများ တက်ရောက်ကြသည်။

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို ၂ဝ၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်

၂ဝ၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၁ နာရီက ထားဝယ်မြို့၊ တနင်္သာရီ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

ကယားပြည်နယ်အတွင်း ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ကယားပြည်နယ်အတွင်း ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်က ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အုပ်ချုပ်ရေမှူးများ၊ ပြည်နယ်/ခရိုင် မြို့နယ်ရွေးကောက်ပွဲအရာရှိများ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်နယ်/ခရိုင် မြို့နယ်ဦးစီးမှူးများ တက်ရောက်ကြသည်။

ရေတိုက်စားသွားသည့် မြို့ချင်းဆက်လမ်းပိုင်းအား Watrebound ဖြင့် ယာယီပြုပြင်ပေးခြင်းလုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီး

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်လမ်းဦးစီးဌာနမှ ရေတိုက်စားသွားသည့် ကျောက်ဆည်-တံတားဦးမြို့ချင်းဆက်လမ်းပိင်းအား ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် Watreboundဖြင့် ယာယီပြုပြင်ပေးခြင်းများ ပြုလုပ်ဆောင်ရွက်ခဲ့ရာ လုပ်ငန်းများရာနှုန်းပြည့် ပြီးစီးပြီဖြစ်၍ လမ်းပန်းဆက်သွယ်ရေးလုပ်ငန်းများ အဆင်ပြေချောမွေ့သွားပြီဖြစ်ကြောင်း  သိရသည်။

မိုးညိုမြို့တွင် မဲရုံပြုလုပ်မည့်နေရာများအား မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ကွင်းဆင်းစစ်ဆေး

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့ပေါ် ရပ်ကွက်များရှိ မဲရုံကျင်းပပြုလုပ်မည့် အခြေခံပညာကျောင်းများသို့ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် တာဝန်ရှိသူများက ယမန်နေ့က လိုက်လံစစ်ဆေးဆောင်ရွက်ခဲ့သည်။

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို ရုရှားဘာသာစကားပြော သင်တန်းဆင်းပွဲအခမ်းအနားသို့ တက်ရောက်

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်၏ ညွှန်ကြားမှုဖြင့် ဖွင့်လှစ်သော ရုရှားဘာသာ စကားပြောသင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက ထားဝယ်မြို့၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ တနင်္သာရီတိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံး၌ ကျင်းပ သည်။

ပုဂံရှေးဟောင်းယဉ်ကျေးမှုဇုန်ရှိ အလိုတော်ပြည့်ဘုရား ဗုဒ္ဓပူဇနိယပွဲတော်ဖွင့်ပွဲအခမ်းအနား ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ပုဂံရှေးဟောင်းယဉ်ကျေးမှုဒေသရှိ အလိုတော်ပြည့်ဘုရား ဗုဒ္ဓပူဇနိယပွဲတော်ကြီးကို ၁၃၈၇ ခုနှစ် နတ်တော်လဆန်း ၁၀ ရက် ယနေ့နံနက် ၇ နာရီအချိန်မှစတင်ကာ အလိုတော်ပြည့်ဆရာတော်ကြီးနှင့် ဂေါပကအဖွဲ့များမှ ဦးဆောင်ကာ သံဃာတော်အရှင်သူမြတ်များမ‌ အသံမစဲမဟာပဋ္ဌာန်း ရွတ်ဖတ်ပူဇော်ခြင်းများဖြင့် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ဥတ္တရသီရိမြို့နယ်၌ သန့်ရှင်းသာယာလှပစေရေး စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုအား ကြည့်ရှုအားပေး

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီဝင်များ၊ တာဝန်ရှိသူများနှင့်အတူ ဥတ္တရသီရိမြို့နယ်၊ ဥတ္တရသီရိရပ်ကွက်၊ ကုတင် (၅၀) ပြည်သူ့ဆေးရုံသို့ သွားရောက်ပြီး ဥတ္တရခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ‌ ခေတ္တဥက္ကဋ္ဌ ဦးမင်းခိုင်ဝင်း၊ ဥတ္တရသီရိ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးရဲမြတ်သိန်းနှင့် အဖွဲ့ဝင်များဦးဆောင်၍ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ ဆရာ၊ ဆရာမများ၊ လူမှုရေးအသင်း အဖွဲ့များနှင့် ပြည်သူလူထုများ ပူးပေါင်း၍
Subscribe to