ကော့သောင်း ဒီဇင်ဘာ ၁၆
တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမြတ်ကို၊ တနင်္သာရီတိုင်းဒေသကြီး၊ တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ပိုက်ပိုက်အေး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်တာဝန်ရှိသူများသည် တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့ရှိ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းဆောင်ရွက်လျက်ရှိသည့် ကော့သောင်းခရိုင်နှင့် ကော့သောင်းမြို့နယ်တရားရုံးသစ် ဆောက်လုပ်နေသည့် အဆောက်အဦနေရာနှင့် အပြည်ပြည်ဆိုင်ရာ နယ်စပ်အဝင်/ အထွက် ဂိတ်မုခ်ဦးအပါ အဆောက်အဦတည်ဆောက်သည့်လုပ်ငန်းနေရာသို့ ယနေ့နံနက် (၁၀) နာရီခန့်က ကွင်းဆင်းကြည့်ရှုကြသည်။
ရှေးဦးစွာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့်တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကော့သောင်းခရိုင်နှင့်ကော့သောင်းမြို့နယ်တရားရုံးသစ် ဆောက်လုပ်နေသည့် အဆောက်အဦနေရာသို့ သွားရောက်ခဲ့ပြီး နောင်ရိုးမြန်မာဖွံ့ဖြိုးတိုးတက်ရေးကုမ္ပဏီလီမိတက်မှ တာဝန်ရှိသူများက တည်ဆောက်ရေးလုပ်ငန်းဆောင်ရွက်နေမှုနှင့် လုပ်ငန်းပြီးစီးမှုအခြေအနေများအား ချပြရှင်းလင်းပြီး ဝန်ကြီးချုပ်နှင့်အဖွဲ့တို့သည် အဆောက်အဦအတွင်း လုပ်ငန်းဆောင်ရွက်ထားရှိမှု အခြေအနေများအား လှည့်လည်ကြည့်ရှု၍ လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြသည်။
ယင်းနောက် ကော့သောင်းမြို့၊ အဏ္ဏဝါရပ်ကွက်ရှိ ကော့သောင်းမြို့၊ မြို့မဆိပ်ကမ်းနေရာတွင် (၂၀၂၄-၂၀၂၅) ဘဏ္ဍာရေးနှစ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ ရန်ပုံငွေဖြင့် နောင်ရိုးမြန်မာဖွံ့ဖြိုးတိုးတက်ရေးကုမ္ပဏီမှ တာဝန်ယူမုခ်ဦးအပါ အဆောက်အဦတည်ဆောက်ရေးလုပ်ငန်းနေရာသို့ သွားရောက်၍ လုပ်ငန်းခွင်အတွင်း တည်ဆောက်ရေးလုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများအား ကွင်းဆင်းကြည့်ရှု၍ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမြတ်ကိုက လုပ်ငန်းအဆောက်အဦအား အရည်အသွေးပြည့်မီစွာဖြင့် အချိန်မီပြီးစီးအောင် ဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)