မင်းဘူးမြို့၌ ဒီဇင်ဘာအားကစားကာလ လူထုစုပေါင်းလမ်းလျှောက်ပွဲကျင်းပ

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့၌ ဒီဇင်ဘာအားကစားကာလ လူထုစုပေါင်းလမ်းလျှောက်ပွဲနှင့် အားကစားလှုပ်ရှားမှု အစီ အစဉ်များကို ယနေ့နံနက် ၅ နာရီခွဲအချိန်က မင်းဘူးမြို့ ခရိုင်အားကစားကွင်း စုရပ်မှစတင်ကာ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မိုးနဲမြို့နယ်၌ အထင်ကရနေရာတစ်ခုဖြစ်သော ဆင်တောင်(လွိုင်စန့်)၌ ပြည်သူ့အကျိုးပြုလုပ်ငန်း ဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်အား ဒုတိယပုဂံဟု တင်စားခေါ်ဝေါ်ရသည်အထိ ဘုရားစေတီပုထိုးများ များပြားလျက်ရှိရာ ခရီးသွားဧည့်သည်များအား ဆွဲဆောင်နိုင်ရေးနှင့် မြို့သန့်ရှင်းသာယာလှပစေရေး ဌာနဆိုင်ရာများ ပြည်သူများပူးပေါင်းကာ အပတ်စဉ် ဝိုင်းဝန်းဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၇ နာရီခွဲအချိန်တွင် ဆင်တောင်(လွိုင်စန့်)စေတီဘုရား၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ငဖဲမြို့နယ်တွင် လူထုစုပေါင်းလမ်းလျှောက်ပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီမှဦးဆောင်၍ မိဘပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများ ကိုယ်ခန္ဓာကျန်းမာကြံ့ခိုင်သန်စွမ်းစေရန်အတွက် လူထုစုပေါင်းလမ်းလျှောက်ပွဲကို ယနေ့နံနက် ၅ နာရီခွဲအချိန်က ကျောင်းတွင်းရပ်ကွက် မန်ကျည်းပင်လမ်းဆုံမှ မင်းလွင်ကျေးရွာအခြေခံပညာအလယ်တန်းကျောင်းအထိ အသွားအပြန် လူထုစုပေါင်းလမ်းလျှောက်ပွဲ ဆောင်ရွက်ခဲ့သည်။

စမ်းချောင်းမြို့နယ်တွင် ပြည်သူများမဲစာရင်း ကျန်ရှိမှုမရှိစေရေး မြေပြင်ကွင်းဆင်းဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ စမ်းချောင်းမြို့နယ်တွင် မြို့နယ်တွင် ၂၀၂၅ ပြည့်နှစ် ဒီဇင်ဘာလ (၂၈) ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးရန် သတ်မှတ်ချက်ပုံစံနှင့်ကိုက်ညီသော မဲဆန္ဒရှင်ပြည်သူများ မဲစာရင်းတွင် ပါဝင်နိုင်ရေးနှင့် အချက်အလက်များ ပြည်စုံမှန်ကန်မှုရှိစေရေးတို့အတွက် ယမန်နေ့မွန်းလွဲ (၂) နာရီ၌ စမ်းချောင်းမြို့နယ် ရပ်ကွက် (၁၈) ရပ်ကွက်အတွင်း သက်ဆိုင်ရာတာ၀န်ရှိသူများက တစ်အိမ်တက်ဆင်း လိုက်လံကွင်းဆင်း ဆောင်ရွက်လျက်ရှိသည်။

မိုင်းရှူးမြို့၌ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင်စာရင်းများမှန်ကန်မှုရှိရေးအတွက် မဲစာရင်းများအား Door to Door စနစ်ဖြင့် လိုက်လံစစ်ဆေး

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းရှူးမြို့နယ်တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ရပ်ကွက်နှင့်ကျေးရွာများအလိုက် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင်စာရင်းများမှန်ကန်မှုရှိရေးအတွက် မဲစာရင်းများအား Door to Door စနစ်ဖြင့် ယမန်နေ့မွန်းလွဲပိုင်းက​ မြို့ပေါ်ရပ်ကွက်(၄)ရပ်ကွက်သို့ မြေပြင်တစ်အိမ်တက်ဆင်း၍  လိုက်လံစစ်ဆေးခဲ့သည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦး ရှမ်းပြည်နယ်(‌တောင်ပိုင်း)ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းများ ကြည့်ရှုမှာကြား

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်၊ ရှမ်းပြည်နယ်(‌တောင်ပိုင်း)တာဝန်ခံ ဦးခင်မောင်ဦးသည် ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးအောင်မင်းဝင်း၊ တောင်ကြီးခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအတွင်းရေးမှူးတို့လိုက်ပါလျက် ယမန်နေ့နံနက်ပိုင်းက ဆီဆိုင်မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး အစည်းအဝေးခန်းမတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ နိုင်ငံရေးပါတီများမှ တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးအတွက် ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းစဉ်များကို ရှင်းလင်းဆွေးနွေးခဲ့သည်။

ပုဇွန်တောင်မြို့နယ် အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်း၌  မီးဘေးလုံခြုံရေး အသိပညာပေးဟောပြောခြင်းနှင့် လက်တွေ့သရုပ်ပြခြင်း ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ်၌ ပွင့်လင်းရာသီသို့‌‌ရောက်ရှိလာပြီဖြစ်ပါသဖြင့် မြို့နယ်မီးသတ်ဦးစီးဌာနမှ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်း ပင်လုံခန်းမတွင် ယမန်နေ့နံနက်ပိုင်းက စာသင်ကျောင်းအခြေပြု မီးဘေးလုံခြုံရေးအသိပညာပေးဟောပြောပွဲ ကျင်းပြုလုပ်ပြီး မီးငြိမ်းသတ်နည်း လက်တွေ့သရုပ်ပြဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ နန်းပန်အားကစားရုံဖွင့်ပွဲနှင့် SHAN STATE VOLLEYBALL LEGUE (2025-2026) ကလပ်ပေါင်းစုံအမျိုးသား ဘော်လီဘောပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား တက်ရောက်

နန်းပန်အားကစားရုံဖွင့်ပွဲနှင့် SHAN STATE VOLLEYBALL LEGUE (2025-2026) ကလပ်ပေါင်းစုံအမျိုးသား ဘော်လီဘောပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက နန်းပန်မြို့ နန်းပန်အားကစားရုံ၌ ကျင်းပရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးမင်းမင်းလွင်၊ ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်း၊ ပြည်နယ်ဥပဒေချုပ် ဦးစိုင်းကျော်ဇံ၊ ကလောခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးမြင့်၊ တက္ကသိုလ်များက ပါမောက္ခချုပ်များ၊ ဌာနဆိုင်ရာများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြသည်။

လားရှိုးမြို့တွင် လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်း ဆင်းပွဲကျင်းပ

ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးမြို့တွင် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး‌ကော်မတီမှ ကြီးမှူး၍  ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ အသေးစားစက်မှုလက်မှုလုပ်ငန်း များပေါ်ထွက်လာစေရန်နှင့် ကျေးလက်နေပြည်သူများဝင်ငွေတိုးပွားလာစေရန်အတွက် ဖွင့်လှစ်သည့် လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းဆင်းပွဲအခမ်းအနားကို နိုဝင်ဘာ ၂၈ ရက် နံနက် ၉ နာရီခွဲက ရပ်ကွက် (၁) နယ်မြေ (၁)ရှိ လားဟူနှစ်ချင်းခရစ်ယာန်ဘုရားကျောင်း၌ ကျင်းပသည်။

သာယာဝတီမြို့နယ်အတွင်းရှိ ဒုတိယအကြိမ် မဲစာရင်းကပ်ထားကြေညာထားမှုအား လာရောက်ကြည့်ရှု

‎‎ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင် သာယာဝတီမြို့နယ်အတွင်းရှိ ရပ်ကွက်နေပြည်သူများ အနေဖြင့် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲပေးပိုင်ခွင့်မဆုံးရှုံးစေရေးနှင့်မဲစာရင်းပါရှိရေး ဒုတိယအကြိမ် မဲစာရင်းကပ်ထား‌ကြေညာထားသည့် ရပ်ကွက်ကော်မရှင်အဖွဲ့ခွဲရုံးများ၌ နေ့စဉ်လာရောက်ကြည့်ရှုကြကြောင်း သိရသည်။
Subscribe to