တောင်ဥက္ကလာပမြို့နယ် အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၌ မူးယစ်ဆေးဝါးဆန့်ကျင်ရေး အသိပညာပေးဟောပြောပွဲကျင်းပ

တောင်ဥက္ကလာပ ဒီဇင်ဘာ ၁၆

မြန်မာနိုင်ငံမူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်း တောင်ဥက္ကလာပမြို့နယ်မှ ကြီးမှူးကျင်းပ၍ မြန်မာနိုင်ငံမူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်း(ဗဟို)မှ မူးယစ်ဆေးဝါဆန့်ကျင်ရေး အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်(၉း၃၀)နာရီအချိန်က ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ် အမှတ်(၁၃)ရပ်ကွက်၊ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်း မြတ်မွန်ရတနာခန်းမ၌ ပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။

အဆိုပါ အသိပညာပေးဟောပြောပွဲတွင် တောင်ဥက္ကလာပမြို့နယ်ပညာရေးမှူး ဒေါ်ခင်အေးဝင်းက ကျောင်းသား၊ ကျောင်းသူများ မူးယစ်ဆေးဝါးအန္တရာယ်မကျရောက်စေရန် မူးယစ်ဆေးဝါးဆန့်ကျင်ရေးအသိပညာဗဟုသုတများကို မှတ်သားလိုက်နာကြရန် အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြန်မာနိုင်ငံမူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်း(ဗဟို)မှ ဒုတိယဥက္ကဋ္ဌ ဦးစောငွေက မြန်မာနိုင်ငံမူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်း(MANA)အကြောင်း မိတ်ဆက်ရှင်းလင်းတင်ပြခဲ့ပါသည်။ ‌ဆက်လက်ပြီး မြန်မာနိုင်ငံမူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်း(ဗဟို) အလုပ်အမှုဆောင်ကော်မတီဝင်၊ ဘဏ္ဍာရေးမှူးဒေါ်ချိုချိုအေးက လူငယ်နှင့်မူးယစ်ဆေးအကြောင်း ရှင်းလင်းဟောပြောခြင်း၊ မြန်မာနိုင်ငံမူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်း(ဗဟို)မှ အလုပ်အမှုဆောင်စိတ်‌ရောဂါအထူးကု ဆရာဝန်ကြီး ဒေါက်တာအောင်သော်က မူးယစ်ဆေးဝါးများ၏အကျိုးအပြစ်နှင့် မူးယစ်ဆေးဉပဒေများအကြောင်းဟောပြောခြင်း၊ မြန်မာနိုင်ငံမူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်(ဗဟို)ဗဟိုကော်မတီဝင် စာရေးဆရာ မောင်ခြိမ့်က “ဘဝကိုဘာနှင့်မောင်းနှင်ကြမှာလဲ” ခေါင်းစဉ်ဖြင့် ဟောပြောကြောင်းသိရသည်။ ထို့နောက် မြန်မာနိုင်ငံမူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်(ဗဟို)ဒုတိယဥက္ကဋ္ဌ ဦးစောငွေ၊ အလုပ်အမှုဆောင်အဖွဲ့ဘဏ္ဍာရေးမှူး ဒေါ်ချိုချို‌အေးတို့က အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးမြမွန်ထံသို့ သံလျက်ဂျာနယ်စောင်ရေ(၁၀၀)နှင့် အသိပညာပေးလက်ကမ်းစာစောင်များနှင့် အလှူငွေကျပ် ၃ သိန်းကို ပေးအပ်လှူဒါန်းခဲ့ပြီး ကျောင်းအုပ်ဆရာမကြီး‌မှ ကျေးဇူးတင်စကားပြောကြားခဲ့ပါသည်။

ဟောပြောပွဲသို တောင်ဥက္ကလာပမြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြန်မာနိုင်ငံမူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်းဗဟိုမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံမူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်း တောင်ဥက္ကလာပမြို့နယ်မှ ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ပြီး တက်ရောက်လာသော ကျောင်းသားကျောင်းသူများက MANA မှ ခင်းကျင်းပြသထားသော အသိပညာပေး နံရံကပ်စာစောင်များကို စိတ်ပါဝင်စားစွာကြည့်ရှုလေ့လာခဲ့ကြကြောင်း သတင်းရရှိပါသည်။

ခင်ဆွေနှင်း(ပြန်/ဆက်)