အမရပူရမြို့နယ်၌ ဒုတိယအကြိမ်မဲစာရင်းများအပေါ် မြေပြင်ကွင်းဆင်း တိုက်ဆိုင်စစ်ဆေးခြင်းဆက်လက်ဆောင်ရွက်

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲတွင် အသက် ၁၈ နှစ်နှင့်အထက် မဲပေးပိုင်ခွင့်ရှိသည့်နိုင်ငံသားတိုင်း နိုင်ငံသားအခွင့်အရေး မဆုံးရှုံးစေရန်ဆန္ဒမဲပေးနိုင်ရေးအတွက် ဒုတိယအကြိမ်မဲစာရင်းများအပေါ် မြေပြင်ကွင်းဆင်း တိုက်ဆိုင်စစ်ဆေးခြင်းများကို ယနေ့နံနက် ၉ နာရီအချိန်က ဓနုံးကျေးရွာအုပ်စုတွင် ဆက်လက်စစ်ဆေး ဆောင်ရွက်လျက်ရှိသည်။

မြင်းခြံမြို့၌ မဲစာရင်းပြည့်စုံမှန်ကန်စေရေး မြေပြင်ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မဲဆန္ဒရှင်စာရင်းများ မှန်ကန်ပြည့်စုံစေရေးအတွက် ယနေ့နံနက် ၉ နာရီအချိန်က မြင်းခြံမြို့ပေါ်ရပ်ကွက်များသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးထွဋ်နှင့် တာဝန်ရှိသူမားက မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်စေရေး Door to Door စနစ်ဖြင့် မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

မန္တလေးတိုင်းဒေသကြီး၊ အမျိုးသမီးအားကစားဆပ်ကော်မတီမှ (၂၀၂၅)ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသကြီး (အေရိုးဗစ်)ပြိုင်ပွဲဝင်များအား ဂုဏ်ပြုပွဲအခမ်းအနား ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ အမျိုးသမီးအားကစားဆပ်ကော်မတီမှ (၂၀၂၅)ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသကြီး (အေရိုးဗစ်)ပြိုင်ပွဲဝင်များအား ဂုဏ်ပြုပွဲကို ယမန်နေ့က တိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့ရုံး၌ ကျင်းပသည်။

ညောင်လေးပင်မြို့နယ်၌ ယာယီနေရပ်စွန့်ခွာ ပြည်သူများ ကြိုတင်ဆန္ဒမဲများဆက်လက်

ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မဲဆန္ဒနယ်ပြင်ပဖြစ်သည့် ယာယီနေရပ်စွန့်ခွာအား ဆန္ဒမဲပေးခွင့်မဆုံးရှုံးစေရေး ကြိုတင်ဆန္ဒမဲများဆက်လက်ပေးခြင်းကို ယမန်နေ့နံနက် ၁၀ နာရီက ညောင်လေးပင်နှင့် ပြွန်တန်ဆာမြို့များရှိမဲရုံအသီးသီး၌ ဆက်လက်ကွင်းဆင်း ဆောက်ရွက်လျက်ရှိကြောင်း သိရသည်။

အင်အားပြင်းမန္တလေးငလျင်ကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးခဲ့သော တိရိစ္ဆာန်များ ပြန်လည်ဖြည့်ဆည်း ပေးအပ်ခြင်းအခမ်းအနား ကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း မန္တလေးငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးခဲ့သည့် မွေးမြူရေးတိရစ္ဆာန်များ ပြန်လည်ဖြည့်ဆည်းပေးခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှူးရုံး၌ ကျင်းပရာ ခရိုင်/မြို့နယ်စီမံခန့်ခွဲ‌ရေးနှင့် အုပ်ချုပ်ရေးတာဝန်ရှိသူများ၊ မြန်မာနိုင်ငံ မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်မှ ကိုယ်စားလှယ်များ၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ခရိုင်/မြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် မွေးမြူ‌ရေးလုပ်ငန်းရှင်များ တက်ရောက်ကြသည်။

ဘားအံတက္ကသိုလ်၌ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများဆောင်ရွက်

ကရင်ပြည်နယ်၏မြို့တော် ဘားအံမြို့၏ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် မြို့အင်္ဂါရပ်များနှင့်အညီ Green City , Clean City ဖြစ်စေရေးအတွက် နိုဝင်ဘာလ ၂၉ ရက်နေ့ နံနက်ပိုင်းက ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ရပ်ကွက်နေပြည်သူများပူးပေါင်း၍ ဘားအံတက္ကသိုလ်၌ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြသည်။

ဆရာအတတ်ပညာ စဥ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေး အညွှန်းဘောင်ဆိုင်ရာ အရည်အသွေးမြင့်မားရေး (ဆင့်ပွား)သင်တန်း ဆွေးနွေးပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ ချမ်းမြသာစည်မြို့နယ်၌ ဆရာအတတ်ပညာ စဥ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေး အညွှန်းဘောင်ဆိုင်ရာ အရည်အသွေးမြင့်မားရေး (ဆင့်ပွား)သင်တန်း ဆွေးနွေးပွဲကို ယနေ့နံနက် (၉)နာရီက အမှတ်(၁၃) အခြေခံပညာအထက်တန်းကျောင်းခွဲတွင် ကျင်းပခဲ့သည်။

ကျိုင်းလပ်မြို့၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ၌ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင်စာရင်းများ မှန်ကန်မှုရှိစေရေး ကွင်းဆင်းဆောင်ရွက်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ၌ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင်စာရင်းများ မှန်ကန်မှုရှိစေရန်အတွက် ယနေ့နံနက် (၁၀)နာရီ က မြို့ပေါ်ရပ်ကွက်(၂)နှင့်ကျေးရွာများတွင် မြေပြင်ကွင်းဆင်း စိစစ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဂန့်ဂေါမြို့တွင် Myanmar Electronic Voting Machine မဲပေးစက်အသုံးပြု၍ မဲပေးပုံအဆင့်ဆင့် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေ

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့တွင် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲတွင် Myanmar Electronic Voting Machine မဲပေးစက် အသုံးပြု၍ မဲပေးပုံအဆင့်ဆင့်ကို အများပြည်သူများကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန်အတွက် အသိပညာပေးလက်ကမ်းစာစောင်များကို ယနေ့နံနက် ၉ နာရီအချိန်မှစတင်၍ လူစည်ကားရာ နေရာများဖြစ်သည့် မြောက်ကုန်းရပ်ကွက် ပြည်သူ့ဆေးရုံကြီးရှေ့ရှိ ဗိုလ်ချုပ်လမ်းနှင့် မြစ်ရှောင်လမ်းဆုံနေရာ၊ မြို့အဝင် ခ.လ.ရ(၅၀)လမ်းဆုံနေရာနှင့် ကျောတိုက်ရပ်ကွက်ရှိ မြို့ပတ်လမ်းနှင့် မြစ်သာခန်းမလမ်းဆုံနေရာများတွင် ဖြန့်ဝေခဲ့ကြသည်။ 

ငါန်းဇွန်မြို့နယ်၌ သားအိမ်ခေါင်းကင်ဆာရောဂါ(HPV) ကာကွယ်ဆေး အရှိန်အဟုန်မြှင့် ထိုးနှံနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်

မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး အစည်းအဝေးခန်းမ၌ ယမန်နေ့နေ့လည် (၂)နာရီအချိန်က အသက် (၉)နှစ်မှ အသက် (၁၁)နှစ်အတွင်း (၁၂)နှစ်မပြည့်သေးသူ အမျိုးသမီးငယ်များအား သားအိမ်ခေါင်းကင်ဆာရောဂါ (HPV) ကာကွယ်ဆေး အရှိန်အဟုန်မြှင့်ထိုးနှံနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မြို့နယ်ကျန်းမာရေးဦးစီးဌာနမှဦးစီး၍ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Subscribe to