ပြည်ကြီးတံခွန်မြို့နယ်၌  မိုးစပါးစံကွတ်ရိတ်သိမ်းပွဲ ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင် ပြည်ကြီးတံခွန်မြို့နယ် ည ရပ်ကွက်၊ ကွင်းအမှတ် (၅၆၈)မှ တောင်သူ ဦးစိုးနိုင်၏ လယ်မြေ၌ မိုးစပါး(ဧရာမင်း) စံကွတ်ရိတ်သိမ်းခြင်းကို နိုဝင်ဘာ ၂၈ ရက်က ဆောင်ရွက်ခဲ့ရာ ပြည်ကြီးတံခွန်မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးဝင်းမင်းထွန်း၊ တာဝန်ရှိသူများနှင့် တောင်သူများ တက်ရောက်ခဲ့သည်။ အဆိုပါ ဧရာမင်း မျိုးသန့်စပါး စံပြကွက်တွင် စပါးအစို ၉၅ တင်းနှုန်း ထွက်ရှိခဲ့ကြောင်း သိရသည်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း စစ်တွေမြို့၌ မဲစာရင်းမှန်ကန်စေရေးအတွက် တစ်အိမ်တက်ဆင်း မဲစာရင်းတိုက်ဆိုင်စိစစ်နေမှုအား ကြည့်ရှု

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် အနောက်ပိုင်းတိုင်းစစ်ဌာချုပ်တိုင်းမှူး ဗိုလ်ချုပ် ကျော်စွာဦး၊ စစ်တွေတပ်နယ်မှ တပ်မတော်အဆင့်မြင့်အရာရှိကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက စစ်တွေမြို့နယ်၌ မဲစာရင်းမှန်ကန်စေရေး အတွက် တစ်အိမ်တက်ဆင်း မဲစာရင်းတိုက်ဆိုင်စိစစ်နေမှုအား သွားရောက်ကြည့်ရှုကြသည်။

၂၀၂၆ ခုနှစ် အာရှဖလား ခြေစစ်ပွဲ U-17 အမျိုးသားဘောလုံးပြိုင်ပွဲ အုပ်စု(ဆ)ပွဲစဥ် မြန်မာ နှင့် အိုမန် အသင်းတို့ အကြိတ်အနယ်ယှဉ်ပြိုင်

၂၀၂၆ ခုနှစ် အာရှဖလားခြေစစ်ပွဲ U-17 အမျိုးသားဘောလုံးပြိုင်ပွဲ အုပ်စု(ဆ)၏ ပြိုင်ပွဲ ပွဲစဉ်များကို ယမန်နေ့ညနေ (၄) နာရီအချိန်တွင် ရန်ကုန်မြို့၊ ဝေဇယန္တာလမ်းရှိ လူငယ်အားကစားလေ့ကျင့်ရေး စခန်းသုဝဏ္ဏဘောလုံးကွင်း၌ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌနှင့် အမှုဆောင်များ၊ ဌာနဆိုင်ရာများမှတာဝန်ရှိသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ ဘောလုံးအားကစားဝါသနာရှင် ပရိသတ်များ တစ်ခဲနက် လာရောက်ကြည့်ရှုအားပေးခဲ့သည်။

၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးနှင့် မဲစာရင်းမှန်ကန်ရေး၊ အိမ်တိုင်ရာရောက် စီစစ်ဆောင်ရွက်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးနှင့် မဲစာရင်းမှန်ကန်ရေး၊ အိမ်တိုင်ရာရောက် စီစစ်ဆောင်ရွက်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲပိုင်းက ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ မင်္ဂလာခန်းမတွင် ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ် သက်ပိုင်ဇော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ ရန်ကုန်တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဝန်ထမ်းများ၊ ခရိုင်/ မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ၊ တိုင်း/ခရိုင်/မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးနှင့် မဲစာရင်းမှန်ကန်ရေး၊ အိမ်တိုင်ရာရောက် စီစစ်ဆောင်ရွက်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲပိုင်းက ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ မင်္ဂလာခန်းမတွင် ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ် သက်ပိုင်ဇော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ ရန်ကုန်တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဝန်ထမ်းများ၊ ခရိုင်/ မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ၊ တိုင်း/ခရိုင်/မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း မြန်မာလက်ရွေးစင် ယူ-၁၇ အမျိုးသားအသင်းနှင့် အိုမန်လက်ရွေးစင် ယူ-၁၇ အမျိုးသားအသင်းတို့၏ ၂၀၂၆ ယူ-၁၇ အာရှဖလား ခြေစစ်ပွဲစဉ် ယှဉ်ပြိုင်နေမှုအား ကြည့်ရှုအားပေး

မြန်မာလက်ရွေးစင် ယူ-၁၇ အမျိုးသားအသင်းနှင့် အိုမန်လက်ရွေးစင် ယူ-၁၇ အမျိုးသား အသင်းတို့၏ ၂၀၂၆ ယူ-၁၇ အာရှဖလားခြေစစ်ပွဲစဉ်ကို ယမန်နေ့ ညနေပိုင်းက ရန်ကုန်မြို့ သုဝဏ္ဏဘောလုံးကွင်း၌ ကျင်းပခဲ့သည်။

အုတ်တွင်းမြို့နယ်၌ မဲဆန္ဒရှင်အမည်စာရင်းများ မြေပြင်အမှန်ပြည့်စုံမှန်ကန်စေရေး တစ်အိမ်တက်ဆင်း​ ကွင်းဆင်းစစ်ဆေးဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင် အုတ်တွင်းမြို့နယ်၌ ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် ပြည်သူများအား ဆန္ဒမဲပေးခွင့်မဆုံးရှုံးစေရေးအတွက် ​မဲဆန္ဒရှင်အမည်စာရင်းများ မြေပြင်အမှန်ပြည့်စုံမှန်ကန်စေရေး တစ်အိမ်တက်ဆင်း​ ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့နံနက်ပိုင်းမှစတင်ကာ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများတွင် ကွင်းဆင်းဆောင်ရွက်လျက်ရှိသည်။

၂၀၂၅ ခုနှစ် အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့အထိမ်းအမှတ် မသန်စွမ်းအားကစားပြိုင်ပွဲ လွိုင်ကော်တွင် ကျင်းပ

၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၃ ရက်တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကယားပြည်နယ်လူငယ်ရေးရာကော်မတီကကြီးမှူး၍ ပြည်နယ်အတွင်း မသန်စွမ်းသူများ၏ ဘဝအရည်အသွေးပိုမိုဖွံ့ဖြိုးလာစေရန်၊ အများပြည်သူများနည်းတူ တန်းတူညီမျှမှု ရရှိစေရန်နှင့် မသန်စွမ်းသူများ၏ စွမ်းဆောင်ရည်များကို အလေးထားဂရုပြုတတ်စေရန် ရည်ရွယ်၍ မသန်စွမ်း အားကစားပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက်က လွိုင်ကော်မြို့ ပြည်နယ် အားကစားကွင်း၌ ကျင်းပသည်။

ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေဝင်းအောင်သည် ဖက်ကွန်ကျေးရွာအုပ်စုရှိ အမှိုက်စွန့်ပစ်နေရာသစ်အား ကွင်းဆင်းကြည့်ရှုစစ်ဆေး

ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေဝင်းအောင်သည် တောင်ကြီးမြို့နယ် စည်ပင်သာယာရေးဌာန၊ အမှုဆောင်အရာရှိ ဦးကျော်မင်းထိုက်နှင့်အတူ တောင်ကြီးမြို့၊ ဖက်ကွန်ကျေးရွာအုပ်စု၊ လင်းလေကျေးရွာမြောက်ဘက်အနီးရှိ အမှိုက်စွန့်ပစ်နေရာသစ်၊ အမှိုက်ကျင်းသစ်နေရာကို ယမန်နေ့ နံနက် ၉ နာရီက သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။

အုတ်တွင်းမြို့နယ် လက်ပံခုံကျေးရွာ၌ ကျေးလက်ကုန်ထုတ်လမ်းမြေနှင့်ကျောက်ရောမြေ ခင်းခြင်းလုပ်ငန်းဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် အုတ်တွင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၅-၂၀၂၆ ခုဘဏ္ဍာရေးနှစ်တွင် ပေါက်တောကျေးရွာအုပ်စု လက်ပံခုံကျေးရွာ၌ တိုင်းဒေသကြီးခွင့်ပြုရန်ပုံငွေဖြင့် ကျေးလက်ကုန်ထုတ်လမ်းမြေနှင့်ကျောက်ရောမြေခင်းခြင်းလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို နိုဝင်ဘာ ၂၇ ရက်က တာဝန်ရှိသူများမှ ကွင်းဆင်းစစ်ဆေးသည်။

ပေါင်းတည်အချုပ်ထောင်မှ အကျဉ်းသား ၅ ဦး လွတ်ငြိမ်းသက်သာခွင့်ပြု

ပြည်ထဲရေးဝန်ကြီးဌာန၊ အကျဉ်းဦးစီးဌာန၊ ပေါင်းတည်အချုပ်ထောင်၊ ဧည့်ရိပ်သာ၌ နိုဝင်ဘာ ၂၇ ရက် နံနက် ၆ နာရီအချိန်က အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ၏ အမိန့်အမှတ်(၁၂/၂၀၂၅)ဖြင့် ထုတ်ပြန်သည့် ရာဇသတ်ကြီးပုဒ်မ ၅၀၅-က အရ ပြစ်ဒဏ်ကျခံလျက်ရှိသည့် အကျဉ်းသား ၅ ဦးအား  ရာဇဝတ်ကျင့်ထုံး ဥပ‌ဒပုဒ်မ- ၄၀၁၊ ပုဒ်မခွဲ (၁)အရ ပြစ်ဒဏ်များအ‌ပေါ် လျှော့ပေါ့ပြီး ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်ပြုခြင်းအခမ်းအနား ပြုလုပ်ခဲ့ကြောင်း သိရသည်။
Subscribe to