ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၌ စင်တင်တေးဂီတဖျော်ဖြေရေးလုပ်ငန်းများအား ကွင်းဆင်းစစ်ဆေးခြင်းဆောင်ရွက်

ဒဂုံအရှေ့ ဒီဇင်ဘာ ၁၆

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်အတွင်းရှိ စင်တင်တေးဂီတဖျော်ဖြေရေးလုပ်ငန်းများကို မြို့နယ်စင်တင်တေးဂီတဖျော်ဖြေမှုလုပ်ငန်းကြီးကြပ်မှုကော်မတီမှ ကွင်းဆင်းစစ်ဆေးခြင်းဆောင်ရွက်လျက်ရှိသည်။

ထိုသို့စစ်ဆေးရာတွင် မြို့နယ်စင်တင်တေးဂီတဖျော်ဖြေမှုလုပ်ငန်းကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များက ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်အတွင်းရှိ စင်တင်တေးဂီတဖျော်ဖြေရေးလုပ်ငန်းများလုပ်ကိုင်လျက်ရှိသော စားသောက်ဆိုင်များ၊ Bar ၊ Dj Bar များ၌ ရန်ကုန်တိုင်းဒေသကြီး စင်တင်တေးဂီတဖျော်ဖြေမှုလုပ်ငန်းကြီးကြပ်မှုကော်မတီမှ ထုတ်ပြန်ထားသည့် အမိန့်၊ ညွှန်ကြားချက်များအား လိုက်နာဆောင်ရွက်ခြင်းရှိ/မရှိ၊ စင်တင်တေးဂီတလုပ်ငန်း မှတ်ပုံတင်လိုင်စင်ရှိ/မရှိ၊ မူးယစ်ဆေးဝါးသုံးစွဲခြင်း/ ရောင်းဝယ်ခြင်းများမရှိစေရေးနှင့် ဥပဒေနှင့်ဆန့်ကျင်သည့်လုပ်ငန်းများ ဆောင်ရွက်မှုမရှိစေရေး စစ်ဆေးဆောင်ရွက်ခဲ့​ကြောင်း သိရသည်။

ဇွဲမင်းထက်(ပြန်/ဆက်)