မော်လမြိုင်ကျွန်းမြို့နယ်၌ ဥပဒေရုံးနှင့် ဝန်ထမ်းအိမ်ရာ အဆောက်အအုံသစ် ဖွင့်ပွဲအခမ်းအနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီးရှိ မော်လမြိုင်ကျွန်းမြို့နယ်၌ ဥပဒေရုံးနှင့် ဝန်ထမ်းအိမ်ရာ အဆောက်အအုံသစ် ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက အဆိုပါဥပဒေရုံး၌ပြုလုပ်ရာ ဥပဒေရေးရာ ဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီးနှင့်ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦး၊ ဒုတိယဝန်ကြီးနှင့် ဒုတိယရှေ့နေချုပ်၊ တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးနှင့်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီး တရားသူကြီးချုပ်၊ တိုင်းဒေသကြီးဥပဒေချုပ်နှင့်တကွ တာဝန်ရှိသူများ တက်ရောက်ကြပါသည်။

မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင် မတ္တရာမြို့နယ်ရှိ ဆည်တော်ကြီးရေလှောင်တမံသို့ သွားရောက်ကြည့်ရှုစစ်ဆေး

မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်သည် အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်တင်မင်းလတ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးနှင့် အစိုးရအဖွဲ့အတွင်းရေးမှူး၊ မန္တလေးတပ်နယ်မှ တပ်နယ်မှူးနှင့် စစ်ဘက်ဆိုင်ရာတာဝန်ရှိသူများ၊ ခရိုင်/မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များလိုက်ပါပြီး ယမန်နေ့မွန်းလွဲပိုင်းက အောင်မြေသာစံခရိုင်၊ မတ္တရာမြို့နယ် ဆည်တော်ကြီးကျေးရွာရှိ ဆည်တော်ကြီးရေလှောင်တမံသို့ သွားရောက်ကြည့်ရှု စစ်ဆေးခဲ့သည်။

အမရပူရမြို့နယ်၌ ဧရာမင်း မိုးစပါး စံကွက်ရိတ်သိမ်း တစ်ဧက အစိုအထွက်တင်း ၁၁၅ ဒသမ၈၅ တင်းထွက်ရှိ

မန္တလေးတိုင်းဒေသကြီး၊ အမရပူရခရိုင်၊ အမရပူရမြို့နယ်၊ တမုတ်ဆိုးကျေးရွာရှိ တောင်သူဦးစိုးနိုင်၏ ကွင်းအမှတ် ၅၇၀ (င) ၊ ဦးပိုင်အမှတ် ၆၈/၂ ဂျိုကုန်းကွင်းရှိ ဧရာမင်း  မိုးစပါး စိုက်ဧက ၂ ဒသမ၄၉ ဧကကို  နိုဝင်ဘာ ၂၉ နံနက်နေ့ ၈ နာရီခွဲက အမရပူရမြို့နယ် မြေစာရင်းဦးစီးဌာနက ဦးဆောင်၍ မိုးစပါးစံကွက်ရိတ်သိမ်းပွဲကို ပြုလုပ်ခဲ့သည်။

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် မုံရွာမြို့ပေါ်ရှိ ကျောင်းတိုက်ကြီးများမှ ဆရာတော်၊သံဃာတော်များနှင့် သာသနာနွယ်ဝင်များအား ဆွမ်းဆန်စိမ်းလောင်းလှူ 

စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့မှကြီးမှူးကျင်းပသော မုံရွာမြို့ပေါ်ရှိ ပရိယတ္တိစာသင်တိုက်ကြီး ၆ တိုက်မှ ဆရာတော်၊ သံဃာတော်များအား ဆွမ်းနှင့်ဆွမ်းဟင်း လောင်း လှူပွဲနှင့် သီလရှင်ကျောင်းတိုက် ၇ ကျောင်းမှ သီလရှင်ဆရာကြီး/ဆရာလေးများအား ဆွမ်းဆန်စိမ်းများလောင်းလှူပွဲကို နိုဝင်ဘာ ၂၉ ရက် နံနက်ပိုင်းတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးဝန်းအတွင်း ကျင်းပသည်။

ချမ်းအေးသာစံမြို့နယ်၌ ဒုတိယအကြိမ် မဲစာရင်းမြေပြင်ကွင်းဆင်းစစ်ဆေးခြင်းများ ဆက်လက်ဆောင်ရွက်

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၂၈)ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် အသက် (၁၈)နှစ်နှင့်အထက် မဲပေးပိုင်ခွင့်ရှိသည့် နိုင်ငံသားတိုင်း နိုင်ငံသားအခွင့်အရေးမဆုံးရှုံးစေရန် ဆန္ဒမဲပေးနိုင်ရေးအတွက် ဒုတိယအကြိမ် မဲစာရင်းများအပေါ် မြေပြင်ကွင်းဆင်းတိုက်ဆိုင်စစ်ဆေးခြင်းများကို ချမ်းအေးသာစံမြို့နယ်အတွင်းရှိ ရပ်ကွက်များ၌ နိုဝင်ဘာလ (၂၇)ရက်နေ့မှစတင်ခဲ့ရာ ယနေ့နံနက်ပိုင်းတွင် ဆက်လက်ဆောင်ရွက်ခဲ့ကြသည်။

ကွန်ပျူတာတက္ကသိုလ်(မန္တလေး)၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ဘွဲ့ကြို၊ဘွဲ့လွန် ပထမနှစ်ဝက်သင်တန်းသားများ အေးချမ်း‌ပျော်ရွှင်စွာ ဆက်လက်ပညာသင်ကြား

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် တအုံကျေးရွာရှိ ကွန်ပျူတာတက္ကသိုလ်(မန္တလေး)၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ဘွဲ့ကြို၊ဘွဲ့လွန် ပထမနှစ်ဝက်သင်တန်းသားများကို နိုဝင်ဘာလ ၂၄ ရက်နေ့မှစတင်၍ ဖွင့်လှစ်သင်ကြားလျက်ရာ နိုဝင်ဘာလ ၂၉ ရက်‌နေ့တွင်လည်း အေးချမ်း‌ပျော်ရွှင်စွာ ဆက်လက်ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။

ကျောက်မဲမြို့တွင် မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM) ကိုင်တွယ် အသုံးပြုနည်းသင်တန်း ဖွင့်လှစ်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့တွင် မြန်မာအီလက်ထရောနစ် မဲပေးစက်(MEVM) ကိုင်တွယ်အသုံးပြုနည်း သင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီက ကျောက်မဲမြို့၊ မြို့ကျက်သရေဆောင်ခန်းမ၌ ကျင်းပပြုလုပ်ရာ တာဝန်ရှိသူများ၊ သင်တန်းနည်းပြ ဆရာများနှင့် သင်တန်းသားများတက်ရောက်ကြကြောင်းသိရသည်။

ဒေးဒရဲမြို့နယ်အတွင်းရှိ ယာယီနေရပ်စွန့်ခွာ ပြည်သူများအား ဆန်နှင့်ဆီများ ချီးမြှင့်ပေးအပ်

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင်  အခြားတိုင်းဒေသကြီး၊ ပြည်နယ်များက အကြမ်းဖက်ဖြစ်စဉ်များကြောင့်  မြို့နယ်အတွင်းသို့ ပြောင်းရွေ့ရောက်ရှိလာသည့် နေရပ်စွန့်ခွာပြည်သူများအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့က ချီးမြှင့်သည့် ဆန်နှင့်ဆီများ ပေးအပ်ခြင်းကို ယမန်နေ့ညနေ (၄)နာရီက ချောင်းဖျားကျေးရွာ၊ မဟာဗောဓျာရာမဘုန်းတော်ကြီးကျောင်း ဓမ္မာရုံတွင် ကျင်းပပြုလုပ်ခဲ့သည်။

ကော့ကရိတ်မြို့၌ မဲဆန္ဒရှင်အမည်စာရင်း မြေပြင်အမှန် ပြည့်စုံမှန်ကန်‌စေ‌ရေးအတွက် တစ်အိမ်တက်ဆင်း ဆက်လက်ကွင်းဆင်း ဆောင်ရွက်

၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ပါဝင်နိုင်ရေးအတွက် မဲဆန္ဒရှင်အမည်စာရင်းများ ဒုတိယအကြိမ် ကပ်ထားကြေငြာပေးလျက်ရှိရာ ပြည်သူများလာရောက်ကြည့်ရှုမှုအပြင် မိမိမဲစာရင်း ပါမပါအား သိရှိနိုင်ရန်အတွက်  ရပ်ကွက်ကျေးရွာအုပ်စု တစ်အိမ်တက်ဆင်း ကွင်းဆင်းကောက်ယူရေးအဖွဲ့နှင့် ပြည်သူ့စစ် လုံခြုံရေးတပ်ဖွဲ့ဝင်များက ကေ့ာကရိတ်မြို့‌ပေါ် (၅၊ ၆၊ ၇) ရပ်ကွက် တို့တွင်တစ်အိမ်တက်ဆင်း ကွင်းဆင်းတိုက်ဆိုင်စစ်‌ဆေး ဆက်လက်ကောက်ယူ ဆောင်ရွက်‌နေဆဲဖြစ်ကြောင်း သိရသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် တနိုင်းခရိုင် ဟူးကောင်းဒေသအတွင်း စိုက်ပျိုးရေးစွမ်းအား တိုးတက်မြင့်မားလာစေရေးဆောင်ရွက်မှု ကွင်းဆင်းကြည့်ရှု

ကချင်ပြည်နယ်၊ တနိုင်းခရိုင် ဟူးကောင်းဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် စိုက်ပျိုးစွမ်းအားတိုးမြှင့် ဆောင်ရွက်နိုင်ရေး တနိုင်းမြို့သို့ ရောက်ရှိနေသော ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် နိုဝင်ဘာ ၂၇ ရက်က တနိုင်းမြို့နယ်အတွင်း မိုးစပါးစံကွက်ရိတ်သိမ်းပွဲ၊ ဒေသခံတောင်သူများ၊ ဘာသာ ရေးအသင်းအဖွဲ့များနှင့် တွေ့ဆုံပွဲများကို ဆောင်ရွက်ခဲ့ကြသည်။
Subscribe to