ငပုတောမြို့နယ် တောင်ကလေး အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းကျန်းမာရေးအသိပညာပေး ဟောပြောပွဲအခမ်းအနား ကျင်းပ

ငပုတော ဒီဇင်ဘာ ၁‌၇

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ် တောင်ကလေးအခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းသား၊ ကျောင်းသူများအား ကျောင်းကျန်းမာရေး အသိပညာပေး ဟောပြောပွဲအခမ်းအနားကို ယနေ့ နံနက်(၁၀)နာရီအချိန်က အဆိုပါကျောင်းရှိ ကျောင်းဝင်းအတွင်း ကျင်းပပြုလုပ်ရာ တောင်ကလေး တိုက်နယ်ဆေးရုံမှ တိုက်နယ်ဆရာဝန်ကြီး ဒေါက်တာအောင်ပိုင်စိုးနှင့်ဝန်ထမ်းများ၊ ကျောင်းအုပ်ဆရာကြီး ဦးဖြိုးရာဇာဦးနှင့် ဆရာ၊ ဆရာမများ ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း (၂၉၈)ဦးတက်ရောက်ကြသည်။

အသိပညာပေး ဟောပြောပွဲအခမ်းအနားတွင် ကျောင်းအုပ်ဆရာကြီး ဦးဖြိုးရာဇာဦးက အဖွင့်အမှာစကားပြောကြားပြီး တောင်ကလေးတိုက်နယ်ဆေးရုံးမှ တိုက်နယ်ဆရာဝန်ကြီး ဒေါက်တာအောင်ပိုင်စိုးက ဝမ်းပျက်ဝမ်းလျှာရောဂါ ဖြစ်ပွားရသည့်အကြောင်းအရင်းများ၊ အမှည့်လွန်သော အသီးများနှင့် ယင်နားစာများကို စားသုံးရန်မသင့်ကြောင်း၊ အစာမစားခင် လက်ကို စင်ကြယ်အောင် ဆေးကြောသင့်ကြောင်း၊ အိမ်သာတက်ပြီးတိုင်း လက်ကို ဆပ်ပြာနှင့်ရေအသုံးပြုပြီး စင်ကြယ်စွာဆေးကြောသင့်ကြောင်း၊ ယင်လုံအိမ်သာ သုံးစွဲသင့်ကြောင်း၊ ဝမ်းပျက် ဝမ်းလျှောရောဂါ ဖြစ်ပွားပါက နီးစပ်ရာ ကျေးလက်ကျန်းမားရေး ဆေးကုခန်းသို့ ပြသသင့်ကြောင်းဟောပြောခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များပြန်လည်မေးမြန်းတင်ပြလာမှုအပေါ် တိုက်နယ်ဆရာဝန်ကြီးက အသေးစိတ်ပြန်လည် ရှင်းလင်းဖြေကြားပေးခဲ့ကြောင်း သိရသည်။

အောင်သူ(ပြန်/ဆက်)