လှိုင် ဒီဇင်ဘာ ၁၇
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ လှိုင်မြို့နယ် ဇေယျမင်္ဂလာဘုန်းတော်ကြီးကျောင်းတွင် ယမန်နေ့နံနက် ၉ နာရီအချိန်မှစတင်၍ သံဃာတော်များနှင့်ရပ်ကွက်နေပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွားမှုမရှိစေရန်ရည်ရွယ်၍ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Pfizer) ဆေးကို ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ (Pfizer) ကိုဗစ်-၁၉ ရောဂါထပ်ဆောင်းကာကွယ်ဆေးထိုးနှံလာသူ သံဃာတော်များနှင့်ပြည်သူများအား ကျန်းမာရေးဦးစီးဌာနမှဝန်ထမ်းများက ဆေးမထိုးမီ ကျန်းမာရေးစစ်ဆေးခြင်း၊ ကိုယ်အပူချိန်တိုင်းတာခြင်း၊ သတ်မှတ်ပုံစံတွင် အချက်အလက်များ ပြည့်စုံစွာဖြည့်စွက်ပေးခြင်းတို့ကို စနစ်တကျဆောင်ရွက်ပေးပြီး ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ကာကွယ်ဆေးများထိုးနှံပေးခဲ့ကြောင်း သိရသည်။
ကာကွယ်ဆေးထိုးနှံရာတွင် ကျန်းမာရေးဦးစီးဌာနမှ ဆေးထိုးလာသူ ပြည်သူများအား လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးခဲ့ကြောင်းနှင့် ကျန်ရှိသူများအား ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)