ကန့်ဘလူမြို့၌ ယာဉ်စည်းကမ်းလမ်းစည်းကမ်း အသိပညာပေးဟောပြောဆောင်ရွက်

ကန့်ဘလူ ဒီဇင်ဘာ ၁၇

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင် ကျောင်းသား၊ ကျောင်းသူများ ယာဉ်အန္တရာယ်ကင်းဝေးစေရန်နှင့်ယာဉ်စည်းကမ်းလမ်းစည်းကမ်းများကို သိရှိလိုက်နာပြီး သွားလာနေထိုင်တတ်စေရန် အသိပညာပေးဆောင်ရွက်ခြင်းကို ယနေ့နံနက် ၁၀ နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ အသိပညာပေးဟောပြောပွဲတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နန်းမြင့်က ကျောင်းသားကျောင်းသူများအနေဖြင့် ကျောင်းတက်ကျောင်းဆင်းသွားလာရာတွင် ယာဉ်အန္တရာယ်မဖြစ်ပေါ်စေရေးနှင့် သတ်မှတ်ထားသောစည်းကမ်းများအတိုင်း သွားလာနေထိုင်တတ်စေရန်၊ ဆောင်ရန်၊ ရှောင်ရန်အချက်များ၊ အန္တရာယ်အသိပေးလမ်းညွှန်များ၊ တားမြစ်ခြင်းနှင့်ကန့်သတ်ခြင်းလမ်းညွှန်များ၊ မော်တော်ဆိုင်ကယ်စီးနင်းသူများ လိုက်နာရမည့်စည်းကမ်းချက်များကို အသိပညာပေးဆွေးနွေးဟောပြောခဲ့သည်။

 ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ခင်းကျင်းပြသထားသည့် အသိပညာပေး စာအုပ်စာစောင်များနှင့်နံရံကပ်စာစောင်များကို ကျောင်းသားကျောင်းသူများက ဖတ်ရှုလေ့လာကြည့်ရှုခဲ့ကြကြောင်းနှင့် အဆိုပါအသိပညာပေးဟောပြောပွဲသို့ ဆုကိုယ်ပိုင်အထက်တန်းဆင့်သင်ကျောင်းမှ ကျောင်းသားကျောင်းသူ ၄၅ ဦးခန့်တက်ရောက်ခဲ့ကြောင်း သိရသည်။

အောင်ဝင်းငြိမ်း(ကန့်ဘလူ)