မုဒုံ ဒီဇင်ဘာ ၁၆
မွန်ပြည်နယ်၊ မုဒုံမြို့နယ်တွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ) သင်တန်းအမှတ်စဥ် (၁/၂၀၂၄) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၉) နာရီက မြို့နယ်မီးသတ်ဦးစီးဌာနရုံးခန်းမ၌ ပြုလုပ်သည်။
သင်တန်းဖွင့်ပွဲ အခမ်းအနားတွင် မုဒုံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးပြည်သိမ်းက ရာသီဥတုပြောင်းလဲခြင်း ဖြစ်စဥ်များကြောင့် မြန်မာနိုင်ငံတွင်သာမက ကမ္ဘာ့နိုင်ငံအသီးသီးမှာ မီးဘေးအန္တရာယ်အပါအဝင် သဘာဝဘေးအန္တရာယ်များကြောင့် မကြာခဏဆိုသလို ဖြစ်ပေါ်ကြုံတွေ့နေရသည့်အတွက် ဘေးအန္တရာယ်များကို သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များနှင့်အတူ ရှေ့တန်းကတုံ့ပြန်ရင်ဆိုင်ရမည့် အရန်မီးသတ်တပ်ဖွဲ့ ဝင်များအား မီးသတ်ပစ္စည်းကိရိယာများ၊ ရှာဖွေကယ်ဆယ်ရေးသုံးပစ္စည်းကိရိယာများ စနစ်တကျ ကိုင်တွယ်အသုံးပြုတတ်စေရန် ရည်ရွယ်၍ ဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်း အမှာစကားပြောကြားပြီး အရန်မီးသတ်တပ်ဖွဲ့ဝင် သင်တန်းသားများအား တူညီဝတ်စုံပေးအပ်ခဲ့သည်။
အဆိုပါသင်တန်းကို ဒီဇင်ဘာ ၁၆ ရက်နေ့မှ ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၁၀ ရက်နေ့အထိ ဖွင့်လှစ်သွားမည်ဖြစ်ရာ မြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာများမှ အရန်မီးသတ်တပ်ဖွဲ့ဝင် (၅၀)ဦး တက်ရောက်လျက်ရှိကြောင်း သိရသည်။
အောင်မျိုးသူ(ပြန်/ဆက်)