ဟိုပုံးမြို့နယ်တွင် ဒေသတစ်ခုထုတ်ကုန်တစ်ခုဆောင်ရွက်ရန်အတွက် ဒေသထွက်စတော်ဘယ်ရီနှင့် သီးနှံအခြေခံတန်ဖိုးမြှင့် စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းဆင်းပွဲကျင်းပ

ဟိုပုံး ဒီဇင်ဘာ ၁၆

ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ဒေသအသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်းဖြင့် ဒေသတစ်ခုထုတ်ကုန်တစ်ခုဆောင်ရွက်ရန် ရည်ရွယ်၍ ဖွင့်လှစ်သည့် ဒေသထွက်စတော်ဘယ်ရီနှင့် သီးနှံအခြေခံတန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းဆင်းပွဲကို ယနေ့နံနက် (၁၀) နာရီအချိန်က လွယ်အွန့်ကျေးရွာအုပ်စုရှိ ရန်ကင်းကျေးရွာစာကြည့်တိုက်တွင် ကျင်းပသည်။

အဆိုပါသင်တန်းဆင်းပွဲတွင် ရှေ့ဦးစွာ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေးက အမှာစကားပြောကြားပြီး ရှမ်းပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး ဦးစိုးနိုင်ထူးက သင်တန်းနှင့်ပက်သတ်သည်များအား ရှင်းလင်းပြောကြားပါသည်။

ထို့နောက် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အမျိုးသမီးရေးရာအဖွဲ့နာယက ဒေါ်ခင်မြတ်မြတ်မော်၊ ရှမ်းပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူးနှင့် ငှာနဆိုင်ရာတာဝန်ရှိသူများက သင်တန်းထွက်ကုန်ချောပစ္စည်းများအား သင်သန်းသား/သင်တန်းသူများလက်ဝယ်သို့ ပေးအပ်ခဲ့သည်။

ဆက်လက်၍ တက်ရောက်လာကြသည့် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက သင်တန်းသုံးသင်ထောက်ကူပစ္စည်းများနှင့် သင်တန်းထွက်ကုန်ချောပစ္စည်းများအား လှည့်လည်ကြည့်ရှုအားပေးကာ စုပေါင်းအမှတ်တရ မှတ်တမ်းဓာတ်ပုံများ ရိုက်ကူးခဲ့သည်။

အဆိုပါ ဒေသထွက်စတော်ဘယ်ရီနှင့် သီးနှံအခြေခံတန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာအခြေခံသင်တန်းအား ဒီဇင်ဘာလ(၁၀)ရက်နေ့မှ (၁၆) ရက်နေ့အထိ ရက်သတ္တတစ်ပတ်အကြာ သင်တန်းသား သင်တန်းသူ (၁၅)ဦးဖြင့် စာတွေ့လက်တွေ့သင်ကြားပို့ချပေးခဲ့ခြင်းဖြစ်ပြီး မွမ်းမံသင်တန်းအား ဆက်လက်ဖွင့်လှစ်ပို့ချပေးမည်ဖြစ်ကာ ထူးချွန်သင်သန်းသား သင်တန်းသူ(၅)ဦးကို ငွေကျပ် (၁၄) သိန်းနှင့် ညီမျှသည့် လုပ်ငန်းထူထောင်ရန်လိုအပ်သည့် ဒေသဖွံ့ဖြိုးရေးသုံးစက်ပစ္စည်းများ ပေးအပ်သွားမည်ဖြစ်ကြောင်း ဒေသအသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ သိရှိရပါသည်။

ပအိုဝ်းဒေသ(ပြန်/ဆက်)