ပြည်ကြီးမဏ္ဍိုင် ဒီဇင်ဘာ ၁၆
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ပြည်ကြီးမဏ္ဍိုင်မြို့သည် ရေခံမြေခံကောင်း၍ စိုက်ပျိုးရေးကို အခြေခံသည့် မြို့တစ်မြို့ဖြစ်သည်နှင့်အညီ ရာသီအလိုက် ဟင်းသီးဟင်းရွက်မျိုးစုံကို စိုက်ပျိုးလုပ်ကိုင်ကြရာ ရုံးပတီများအား စီးပွားဖြစ် စိုက်ပျိုးလုပ်ကိုင်လျက်ရှိသည်။
ဒေသခံများသည် အိမ်ရှိမြေကွက်လပ်များတွင်လည်းကောင်း၊ ဥယျာဉ်ခြံများတွင်လည်းကောင်း သခွား၊ ငရုတ်၊ ဘူးသီး၊ ခဝဲ၊ ရုံးပတီ၊ ပဲသီး၊ ခရမ်း၊ ဥမုန်လာ၊ ဆလပ်၊ ပန်းဂေါ်ဖီနှင့် အခြားဟင်းသီး ဟင်းရွက်မျိုးစုံကို ရာသီအလိုက် စိုက်ပျိုးကြရာ ရုံးပတီများကို ဘောင်များပြုလုပ်၍ မျိုးစေ့ချစိုက်ပျိုးခြင်း၊ အပင်နှင့်အသီးများ လှပစေရန်နှင့် ပိုးမွှားကျရောက်ခြင်းအန္တရာယ်မှ ကာကွယ်ရန်အတွက် သဘာဝမြေဩဇာများကျွေးခြင်း၊ ပိုးသတ်ဆေးများ ပက်ဖျန်းပေးခြင်းဖြင့် စိုက်ပျိုးလျက်ရှိရာ ယခုအခါ ရုံးပတီသီး(၅)တောင့်လျှင် (၁၀၀၀) ကျပ်အထိ ဈေးကောင်းရရှိပြီး ထွက်ရှိသည့် ရုံးပတီသီးများကို ပြည်ကြီးမဏ္ဍိုင်ရပ်ကွက်ရှိ ဈေးဆိုင်များတွင် ဖောက်သည်ပေးခြင်း၊ အိမ်သို့ ကိုယ်တိုင်လာရောက် ဝယ်ယူခြင်းများလည်းရှိကြောင်း စိုက်ပျိုးရေးတောင်သူတစ်ဦးထံမှ သိရသည်။
မြို့နယ် (ပြန်/ဆက်)