နတ်တလင်းမြို့တွင် ဆောင်းသီးနှံစိုက်တောင်သူများအား စိုက်ပျိုးစရိတ်ချေးငွေများထုတ်ချေးပေး
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ ဆောင်းသီးနှံစိုက်ပျိုးသော တောင်သူများအား စိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက ကျေးရွာအုပ်စု (၂)အုပ်စုမှ တောင်သူ ၃၂၀ ဦးအား ဆောင်းသီးနှံစိုက်ပျိုးစရိတ် ချေးငွေများ ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။