ပုသိမ်ကြီး ဒီဇင်ဘာ ၁၆
မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ ပုသိမ်ကြီးမြို့နယ်၊ ရွှေစာရံကျေးရွာအုပ်စု၊ ကျောက်ချောကျေးရွာ (၁၆) မိုင် တိုးဂိတ်ပူးပေါင်းစစ်ဆေးရေးစခန်းအနီး ပြင်ဦးလွင်အတက်လမ်းနှင့် အဆင်းလမ်းတို့တွင် ဒီဇင်ဘာ ၁၅ ရက်နေ့ နံနက်ပိုင်းက အမှတ်(၁၁) လူကုန်ကူးမှုနှိမ်နင်းရေး ရဲတပ်ဖွဲ့စု (မန္တလေး)နှင့် မြို့နယ်လူကုန်ကူးမှုတားဆီးကာကွယ်ရေးအဖွဲ့တို့၏ ပူးပေါင်းမှုဖြင့် လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ဆောင်ရွက်ရာတွင် အမှတ် (၁၁) လူကုန်ကူးမှုနှိမ်နင်းရေး ရဲတပ်ဖွဲ့စု (မန္တလေး) နှင့် မြို့နယ်လူကုန်ကူးမှုတားဆီးကာကွယ်ရေးအဖွဲ့တို့၏ ဦးဆောင်မှုဖြင့် အမှတ် (၁၁) လူကုန်ကူးမှု နှိမ်နင်းရေးရဲတပ်ဖွဲ့စု (မန္တလေး) မှ ဒုရဲမှူး အောင်ဇော်မြင့်နှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်လူကုန်ကူးမှုတားဆီးကာကွယ်ရေးအဖွဲ့ဝင် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးအရာရှိ ဦးကျော်မင်းထွန်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဦးဇင်မင်းထွန်း၊ မြို့နယ်ပညာရေးမှူး ဒေါ်ချောစုခိုင်နှင့်ဝန်ထမ်းများ၊ အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်မွန်မွန်ခင်နှင့်အဖွဲ့ဝင်များ၊ ယာဥ်ထိန်းရဲတပ်ဖွဲ့မှ ဒုရဲအုပ် ကျော်ဇောထက်နှင့် တပ်ဖွဲ့ဝင်များ၊ ရွှေစာရံကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များ ပူးပေါင်းပါဝင်ခဲ့ကြပြီး၊ ပြည်သူများအား လူကုန်ကူးမှုတားဆီးကာကွယ်ရေးအသိပညာပေးခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းများ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။
ဇာနည်ကိုကို