စဉ့်ကူးမြို့ စိမ်းလန်းစိုပြေသာယာလှပရေး မိုးရာသီလူထုလှုပ်ရှားမှု သစ်ပင်စိုက်ပျိုးပွဲတော်ကျင်းပ
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ စဉ့်ကူးမြို့နယ်အတွင်း မြို့ဝင်မြို့ထွက် စိမ်းလန်း စိုပြည်သာယာလှပစေရေး အတွက် မိုးရာသီ လူထုလှုပ်ရှားမှု သစ်ပင် စိုက်ပျိုးပွဲကို ယနေ့ နံနက် ၇ နာရီမှစ၍ စဉ့်ကူးမြို့အဝင် စဉ့်ကူး-လက်ပံလှ ကားလမ်းဘေးဝဲယာတလျှောက်နှင့် မန္တလေး-မိုးကုတ် ကားလမ်းဘေးဝဲယာ မိုင်တိုင် အမှတ် ၃၅/၅ မှ ၄၅/ ၆ အထိတို့တွင် ကျင်းပ ပြုလုပ်ခဲ့သည်။