သာစည်မြို့နယ်တွင် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အရိပ်ရအပင်များနှင့် ပန်းအလှပင်များစိုက်ပျိုး

သာစည် ဇွန် ၁၈

မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်တွင် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက် ၇ နာရီက မြို့ဝင်မြို့ထွက်လမ်းဘေးဝဲယာနှစ်နေရာနှင့် ခရိုင်ချင်းဆက်လမ်း အမှတ်(၂) လမ်းဘေးဝဲယာတို့၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

သစ်ပင်စိုက်ပျိုးပွဲတွင်  မြို့အနောက်ဘက်  သာစည်-သပြေဝကားလမ်း ဘေးဝဲယာတွင်  စိန်ပန်း  ၂၅  ပင် နှင့်မယ်ဇလီ  ၅၀ ပင် စုစုပေါင်း    ၇၅  ပင်ကိုလည်းကောင်း၊   မြို့အရှေ့ဘက် အဝင် ဖြစ်သော      တောင်ကြီး-မိတ္ထီလာ ကားလမ်း ဘေးဝဲယာတွင်စိန်ပန်း ၁၅၀ ပင်၊ ကုက္ကို ၅၀ ပင်၊ နွယ်သာကီ ၃၀ ပင်၊ စိန်သချူ ၃၀ ပင်၊ သပြေဘူတ ၁၅ ပင် ခရေ  ၁၅ ပင်နှင့် အခြားပန်းအလှပင် ၁၀ ပင်  စုစုပေါင်းအပင်  ၃၀၀  ကိုလည်းကောင်း၊ ခရိုင်ချင်းဆက်လမ်း အမှတ်(၂)  လမ်းဘေးဝဲယာတွင် စိန်ပန်း ၂၀ ပင်၊ မယ်ဇလီ ၂၀ ပင်၊ ယင်းမာ ၂၀ ပင်၊ ကုက္ကို ၂၀ ပင်နှင့် တမာ ၂၀ ပင် စုစုပေါင်းအပင် ၁၀၀  ကိုလည်းကောင်း နေရာသုံးနေရာတို့၌ အရိပ်ရအပင်များနှင့် ပန်းအလှပင်များ စုစုပေါင်း အပင် ၄၇၅ ပင်ကိုစိုက်ပျိုးခဲ့ကြောင်း သိရသည်။

အဆိုပါ သစ်ပင်စိုက်ပျိုးပွဲကို  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမျိုးသက်ကျော်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ဝန်ထမ်းများ၊ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများ၊ ဒေသခံပြည်သူများ စုပေါင်းစိုက်ပျိုးခဲ့ကြောင်း သိရသည်။                                          မ                                             

မြို့နယ်ပြန်/ဆက်