ဘူးသီးတောင်မြို့နယ် စက်မှုသင်တန်းကျောင်း၌ ၂၀၂၂ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော် အခမ်းအနားကျင်းပ

ဘူးသီးတောင် ဇွန် ၁၈

ခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် သစ်တောသစ်ပင်များ၏ တန်ဖိုးကို အလေးထားသိရှိ နားလည်နိုင်စေရေးနှင့် သဘာဝ ပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေး၊ ရာသီဥတုကောင်းမွန်မျှတရေး၊ အရိပ်အာဝါသနှင့် မျက်စိပသာဒ အကျိုးများရရှိစေရေးတို့ကို ရည်ရွယ်၍ မြို့နယ်သစ်တောဦးစီးဌာနမှ ယနေ့ နံနက်(၈) နာရီအချိန်က ဘူးသီးတောင်မြို့နယ် ကွန်တိုင်ကျေးရွာအုပ်စု၊ နန်းရာကုန်းကျေးရွာ အနီးရှိ စက်မှုသင်တန်း ကျောင်းဝန်း အတွင်း၌ ၂၀၂၂-ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော် အခမ်းအနားအား ကျင်းပခဲ့သည်။

အဆိုပါ အခမ်းအနားသို့ ဘူးသီးတောင်မြို့နယ် တပ်နယ်မှူး ဗိုလ်မှူးကြီး ထွန်းထွန်းဝင်းနှင့် အရာရှိ၊ အရာခံ၊ တပ်ဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျန်အေးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ အမျိုးသမီး ရေးရာ အဖွဲ့ဝင်များ၊ လူမှုရေးအသင်း အဖွဲ့များ၊ ပြည်သူများ တက်ရောက်ကြသည်။

ရှေးဦးစွာ ဘူးသီးတောင်မြို့နယ် သစ်တောဦးစီးဌာန ဦးစီးအရာရှိ ဦးဇော်ထွန်းနိုင်နှင့် ဝန်ထမ်းများမှ ကျွန်း၊ ပျဉ်ကတိုး၊ မန်ဂျန်ရှား၊ မယ်ဇလီပျိုးပင်များအား ပေးအပ်ရာ ဘူးသီးတောင်တပ်နယ်မှူး ဗိုလ်မှူးကြီး ထွန်းထွန်းဝင်း၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျန်အေးနှင့် အဖွဲ့ဝင်များ၊ ဝန်ထမ်းများနှင့် တာဝန်ရှိသူများ လက်ခံရယူခဲ့ကြပြီး သက်မှတ် နေရာများတွင် ပျိုးပင်များအား စိုက်ပျိုးပေးကြပြီး ဘူးသီးတောင်တပ်နယ်မှူး ဗိုလ်မှူးကြီး ထွန်းထွန်းဝင်း၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျန်အေးနှင့် တာဝန်ရှိသူများက စုပေါင်းသစ်ပင်စိုက်ပျိုးပေးနေမှုများအား လိုက်လံ ကြည့်ရှု အားပေးခဲ့ကြသည်။

အဆိုပါ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော် အထိမ်းအမှတ်အဖြစ် ကျွန်း(၃၀၀)၊ မန်ဂျန်ရှား (၁၅၀)ပင်၊ ပျဉ်းကတိုး(၂၅၀)ပင်၊ မယ်ဇလီ(၅၅၀)ပင် စုစုပေါင်း(၁၂၅၀)ပင်တို့အား သီးတောင် တပ်နယ်မှူး ဗိုလ်မှူးကြီး ထွန်းထွန်းဝင်းနှင့် အရာရှိ၊ အရာခံ၊ တပ်ဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျန်အေးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ အမျိုးသမီး ရေးရာအဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ပြည်သူများ စုစုပေါင်း(၁၇၈)ဦးခန့် တက်ရောက်ပြီး စုပေါင်းသစ်ပင် စိုက်ပျိုးခဲ့ကြကြောင်း သိရသည်။

လှကျော်(ပြန်/ဆက်)