မောင်တော ဇွန် ၁၈
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရှိ ဝန်ထမ်းသားသမီးများအား ပညာသင်ထောက်ပံ့ကြေးပေးအပ်ပွဲကို ယနေ့ နံနက် ၁၀ နာရီအချိန် ခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြု လုပ်ခဲ့ကြ သည်။
ရှေးဦးစွာ ခရိုင်အုပ်ချုပ်ရေးမှူး ဦးနေဦးမှ ပညာသင်ထောက်ပံ့ကြေး ပေးအပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ ဝန်ထမ်း၊ သားသမီးများအတွက် တက္ကသိုလ်အဆင့် ကျောင်းသား၊ ကျောင်းသူ ၈ ဦးအတွက် တစ်ဦးလျှင် (၅၀၀၀၀)ကျပ်၊ အထက်တန်း အဆင့် ကျောင်းသား၊ ကျောင်းသူ ၅ ဦးအတွက် တစ်ဦးလျှင် (၃၀၀၀၀)ကျပ် အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ ၇ ဦးအတွက် ၁ ဦးလျှင် (၂၅၀၀)ကျပ်နှင့် မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူ ၁၂ ဦးအတွက် တစ်ဦးလျှင် (၂၀၀၀)နှုန်းနှင့် အဖြူအစိမ်းကျောင်းဝတ်စုံ တစ်စုံစီဖြင့် ကျောင်း ဝတ်စုံ (၁၂) စုံအတွက် ငွေကျပ် ၉ သောင်းကျပ်နှင့် စုစုပေါင်း ကျောင်းသား/သူ (၃၂)ဦးအတွက် ငွေ (တစ်ဆယ်တစ်သိန်းခုနှစ်ထောင်ကျပ် တိတိ/-)ကို ခရိုင်အုပ်ချုပ်ရေးမှူး ဦးနေဦး၊ ဒုတိယခရိုင်အုပ်ချုပ် ရေးမှူး ဦးနိုင်အေးနှင့် တာဝန်ရှိသူများက ဝန်ထမ်းသား၊ သမီးများအား အသီးသီးထောက်ပံ့ပေးအပ် ခဲ့ကြပြီး ဝန်ထမ်းမိဘ တစ်ဦးမှ ကျေးဇူးတင်စကား ပြောကြားခဲ့သည်။
သက်လွင်စိုး ခရိုင်(ပြန်/ဆက်)