လားရှိုး ဇွန် ၁၈
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးကျောင်း၌ ယနေ့နံနက် (၈)နာရီခွဲက ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ မြန်မာနိုင်ငံကြက်ခြေနီအသင်းတို့ပူးပေါင်း၍ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အကြောင်းအရာများနှင့် စပ်လျဉ်း၍ သရုပ်ပြလေ့ကျင့်ခြင်းအခမ်းအနားပြုလုပ်ရာ လားရှိုးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ လားရှိုးခရိုင်အုပ်ချုပ်ရေးမှူး ဦးမျိုးမင်းထွန်း တက်ရောက်အားပေး ကြည့်ရှုခဲ့သည်။
အဆိုပါသရုပ်ပြလေ့ကျင့်ခြင်းအခမ်းအနားကို ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊မြန်မာနိုင်ငံကြက်ခြေနီအသင်းတို့ပူးပေါင်း၍ သဘာဝဘေး အန္တရာယ်ဆိုင်ရာ အကြောင်းအရာများအား နယ်စပ်ရေးရာဝန်ကြီးဌာန၊ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်သင်တန်းကျောင်းမှ ကျောင်းသား/ကျောင်းသူလေးများအား သဘာဝဘေး အန္တရာယ်နှင့်စပ်လျဉ်း၍ အသိပညာပေးခြင်း၊ မူးယစ်ဆေးနှင့်လူကုန်ကူးမှုအန္တရာယ်တို့၏ ဆောင်ရန်ရှောင်ရန်အချက်များကို Projector ဖြင့် အသိပညာပေးခဲ့ကြသည်။
ဆက်လက်၍ ရှေးဦးသူနာပြုစုနည်းများ၊ ငလျင်ဇာတ်တိုက်လေ့ကျင့်ခြင်းများ၊ မီးငြှိမ်းသတ်ရေး လက်တွေ့ သရုပ်ပြခြင်းများကို သက်ဆိုင်ရာဌာနများအလိုက် ပြသခဲ့ကြသည်။ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲ့မှုဦးစီးဌာနမှ သဘာဝဘေးလက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ လက်ဆေးဆပ်ပြာဆီများနှင့် နှာခေါင်းစည်းများ ပေးအပ်ခဲ့သည်။
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ မြန်မာနိုင်ငံကြက်ခြေနီအသင်းတို့ ပူးပေါင်း၍ သဘာဝဘေးအန္တရာယ်ဆိုင်ရာအကြောင်းအရာများအား လက်တွေ့ သရုပ်ပြသခြင်း အခမ်းအနားသို့ လားရှိုးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ လားရှိုးခရိုင် အုပ်ချုပ်ရေးမှူး ဦးမျိုးမင်းထွန်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ ကျောင်းသားကျောင်းသူများ ကြည့်ရှုလေ့လာခဲ့ကြသည်။
ဟန်ဌေး(လားရှိုး)