မအူပင်မြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်ခဲ့သည့် ကျောင်းသားများ၏ ရင်တွင်းစကားသံများအားTalk Show မှတဆင့်ထုတ်လွှင့်တင်ဆက်

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်တွင်၂၀၂၁- ၂၀၂၂ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲအား ကျောင်းပြင်ပပညာရေးသင်ယူရင်း အ.ထ.က (မလတ်တို) ကျေးရွာကျောင်းတက်ရောက်ခွင့်ရရှိကာ သင်ကြားခဲ့သည့်မောင်ထွန်းဘိုဘို (သမိုင်း) ဘာသာဂုဏ်ထူးရှင့်နှင့် ရိုးရိုးအောင်မြင်ခဲ့သည့် မောင်အောင်ဖြိုးဝေ(၂)ဦးအား ဇွန်လ ၁၇ ရက်နေ့ မွန်းလွဲ ၃ နာရီက မအူပင်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌အောင်မြင်သူ ၂ ဦး၏ ရင်တွင်းစကားသံများအား Talk Show အစီအစဉ်ဖြင့်တင်ဆက်ခဲ့ကြောင်း သိရသည်။

ထားဝယ်ခရိုင်ရုံးတွင် အခမ်းအနားမှူး သင်တန်းဖွင့်လှစ်

ထားဝယ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကြီးမှူး၍ အခမ်းအနားမှူးသင်တန်းကို zoom application ဖြင့်  ဇွန် ( ၁၅ ၊ ၁၆၊ ၁၇)ရက်နေများတွင် ညနေ(၆)နာရီမှ (၈)နာရီအထိ ဖွင့်လှစ်ခဲ့ကြောင်းသိရသည်။
Subscribe to