ရသေ့တောင်မြို့ အရှေ့မြောက်ရပ်ကွက် သန္တိသုခဓမ္မာရုံအတွက် ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ သွပ်ပြားအချပ်(၂၀၀)ကာလတန်ဖိုးငွေ ကျပ်သိန်း(၇၀)ထောက်ပံ့လှူဒါန်းပေးအပ်

ရသေ့တောင် ဇွန် ၁၈

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့၊ အရှေ့မြောက်ရပ်ကွက်၌ သန္တိသုခဓမ္မာရုံအတွက် ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှ သွပ်ပြားအချပ် (၂၀၀)ကာလတန်ဖိုး ငွေကျပ်သိန်း(၇၀) ထောက်ပံ့ လှူဒါန်းပေးအပ်သည့် အခမ်းအနားကို ယနေ့နံနက် ၁၁ နာရီက ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါအခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ယာယီဥက္ကဋ္ဌ ဦးရာဇာအေးက အဖွင့်အမှာ စကားပြောကြားသည်။ ထို့နောက်မြို့နယ်စီမံအုပ်ချုပ်‌‌ရေးအဖွဲ့ဝင် ဦးဦးသိန်းမောင်က ဓမ္မာရုံးဖြစ်‌‌ ‌မြောက်ရေးအတွက်လိုအပ်သည်များအားပြောကြားခဲ့သည်။

 ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ယာယီဥက္ကဋ္ဌမှ သွပ်ပြားအချပ်၂၀၀ အတွက် ကာလတန်းဖိုးငွေကျပ် သိန်း(၇၀)ကို တာဝန်ရှိသူများအားပေးအပ်ခဲ့ရာ ရပ်ကွက်အုပ်ချုပ်‌‌ရေးမှူး ဦးကျော်သန်းလှိုင်နှင့် တာဝန်ရှိသူများက လက်ခံရရှိခဲ့သည်။

ဆက်လက်၍ ဓမ္မာရုံဖြစ်မြောက်ရေးကော်မတီအဖွဲ့ဝင် ဦးကျော်စိန်ဝင်းက ကျေးဇူးတင်စကား ပြောကြားခဲ့‌ပြီးအခမ်းအနားကို ရုပ်သိမ်းခဲ့‌ကြောင်းသိရသည်။

ထွန်းလင်းကျော်