သံတောင်ကြီးမြို့နယ်၊ပြည်သူ့စာကြည့်တိုက်ကလေးစာဖတ်ခန်းတွင်  စာဖတ်ရှိန်မြှင့် တင်ရေးအတွက်  ပြိုင်ပွဲများပြုလုပ်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်တွင် ကလေးသူငယ်များ၊ ကျောင်းသူ ကျောင်း သားများအနေဖြင့့််စာကြည်တိုက်နှင့်ရင်းနှင့်ရင်းနှီးကျွမ်းဝင်မှုရှိစေရန်အားလပ်ချိန်ကို တန်ဖိုးရှိစွာ အသုံးပြုတတ်စေရန်၊ ဉာဏ်ရည်ဉာဏ်သွေးမြှင့်မားစေရန်၊ ကိုယ်ပိုင်တီထွင်တတ်သည့် အတွေး အခေါ်များရှိစေရန်၊ စာကြည့်တိုက်သို့ လာရောက်သည့် အလေ့အထများဖြစ်စေရန် နှင့် စာဖတ်ခြင်း အကျိုးကျေးဇူးများသိစေရန် ရည်ရွယ်၍ ဘိုးလင်းပစ်ပြိုင်ပွဲနှင့်ဘောလုံးပစ်ပြိုင်ပွဲကို ယနေ့နံနက် ပိုင်းက မြို့နယ်ပြည်သူ့စာကြည့်တိုက် ကလေးစာဖတ်ခန်းတွင် ပြုလုပ်ဆောင်ရွက်ပေး ခဲ့ကြောင်း သိရသည်။

မေတ္တာမြို့၌ မီးသတိမူရေးနှင့် မီးဘေးကြိုတင်ကာကွယ်ရေးအတွက် တစ်အိမ်တက်ဆင်း မီးသုံးစွဲမှု စစ်ဆေးအသိပညာပေး

ပွင့်လင်းရာသီရောက်ရှိနေပြီဖြစ်၍ ပြည်သူများ မီးဘေးအန္တရာယ်ကင်းဝေးစေရေး၊ မီးသတိမူရေး၊ မီးဘေး ကြိုတင်ကာကွယ်ရေးအတွက် မေတ္တာမြို့၊ နယ်မြေမီးသတ်စခန်းမှ မေတ္တာမြို့၊ မြို့ပေါ်ရပ် ကွက်များတွင် ယမန်နေ့နံနက်ပိုင်းက တစ်အိမ်တက်ဆင်း မီးသုံးစွဲမှု စစ်ဆေးပြီး အသိပညာပေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သာစည်မြို့နယ်တွင် ကိုဗစ် - ၁၉ ကာကွယ်ဆေး Sinopharm ပထမအကြိမ် ထိုးနှံထားသူ ၉၅၅ ဦး တို့အား ဒုတိယအကြိမ် ဆက်လက်ထိုးနှံ

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ သာစည်မြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေး ပထမ အကြိမ် ထိုးနှံထားသူ ၉၅၅ ဦးတို့အား ဒုတိယအကြိမ်အဖြစ် သတ်မှတ်ဆေးထိုးစုရပ်များတွင် ယမန်နေ့က ထိုးနှံပေးကြောင်း သိရသည်။

မြေပုံမြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် Online မှတဆင့် ပြည်သူများအား အသိပညာပေး အစီအစဉ်များ စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိ

ရခိုင်ပြည်နယ် မြောက်ဦးခရိုင် မြေပုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာ ကြည့်တိုက်တွင် စာပေချစ်မြတ်နိုးသူပြည်သူများ စာပေဗ ဟုသုတရရှိလာစေရန် ရည်ရွယ်၍ Online မှ တစ်ဆင့် အသိပညာပေးအစီအစဉ်များ စဉ်ဆက်မပြတ် ရိုက်ကူးဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် “အောက်ချင်းငှက် မောင်နှံ”ခေါင်စဉ်ဖြင့်ရိုက်ကူးဆောင်ရွက်ကြသည်။

ပိုင်ကျုံမြို့၌ ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ Omicron (အိုမီခရွန်) ရောဂါ အသိပညာပေး နှိုးဆော်ချက်များအား ကျေးရွာအရောက် အသိပေးနှိုးဆော်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့တွင် ကိုဗစ်-၁၉ ကူးစက်ရောဂါနှင့် ကိုဗစ်-၁၉ ဗီဇ ပြောင်းမျိုးကွဲ Omicron (အိုမီခရွန်) ရောဂါ ကူးစက်ပြန့်ပွားမှုကို ထိရောက်စွာ ကာကွယ် တားဆီးထိန်းချုပ်နိုင်ရန်နှင့် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများတွင် ပြည်သူလူထု ပူးပေါင်းပါဝင် ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ အသိပညာပေးနှိုးဆော်ခြင်း လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ မဲပရလေးကျေးရွာ အတွင်းရှိ ပြည်သူများ သိရှိလိုက်နာရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသော ကာကွယ်ရေး လမ်းညွှန်ချက်များအား အသိပေး နှိုးဆော်ခြင်းကို ယမန်နေ့ ညနေပိုင်းအချိန်က မဲပရလေးကျေးရွာ အတွင်း Hand Speaker ဖြင့် လှည့်လည်နှိုးဆော်ခဲ့ကြသည်။

တောင်သာမြို့နယ်အတွင်းရှိ ရပ်ကွက်များသို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံရေး နှိုးဆော်

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်အတွင်းရှိ ရပ်ကွက်များသို့ ဒေသခံ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံရေးနှိုးဆော်ခြင်းကို ယနေ့နံနက်(၉)နာရီက လိုက်လံအသိပညာပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။

ကျိုက်မရော၌ အမျိုးသမီးများအကြမ်းဖက်မှုမှ ကာကွယ်ရေး အသိပညာပေး(Talk Show)ပြုလုပ်

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ် မေသရဖူပရဟိတ အသင်းတို့ပူးပေါင်း၍ "အမျိုးသမီးများအကြမ်းဖက်မှုမှ ကာကွယ်ရေး” အသိပညာပေး (Talk Show) ကိုယနေ့နံနက် ၁၁နာရီက လူထုအခြေပြု ဗဟိုဌာန (Community Centre)ခန်းမ၌ပြုလုပ်သည်။

တောင်သာမြို့နယ်အတွင်း၌ အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများအား တတိယအသုတ် ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေး

မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် တောင်သာမြို့နယ်အတွင်း၌ အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများအား တတိယအသုတ် ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယနေ့နံနက်(၉)နာရီအချိန်က စတင်၍ တောင်သာ အ.ထ.က ကျောင်း နဝရတ်ခန်းမနှင့် စုရပ်(၃)နေရာအားထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ကျောက်ဆည်မြို့နယ် ပတ္တာကျေးရွာအုပ်စုတွင် နိုင်ငံသားစိစစ်ရေးကတ်ပြားများနေ့ချင်းပြီး အခမဲ့ ဆောင်ရွက်ပေး

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှနိုင်ငံသားတစ်ဦး၏တရားဝင်မှု၊ နိုင်ငံသားအခွင့်အရေးနှင့် လူမှုစီးပွားဘဝ ပြည့်စုံမှု ရရှိစေရေးအတွက် သတ်မှတ်ချက်နှင့်ကိုက်ညီသူများအား နိုင်ငံသားစိစစ်ရေးကတ်များ လက်ဝယ် ရောက်ထုတ်ပေးနိုင်ရန် ပန်းခင်းစီမခံချက်ဖြင့် ပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်နှင့် အိမ်ထောင် စုလူဦးရေစာရင်းများကို အခမဲ့ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်(၉)နာရီခွဲက လူဝင်မှု ကြီးကြပ် ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ခရိုင်ဦးစီးမှူးရုံး ဦးဆောင်မှုဖြင့် ပတ္တာကျေးရွာအုပ်စုမှ ပတ္တာ၊ ငါးဆူ၊ ထနောင်ပင်လှ ကျေးရွာများတွင် နိုင်ငံသား စိစစ်ရေးကတ်များ အခမဲ့ ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

ငဖဲမြို့နယ်တွင် ဒေသခံပြည်သူများနှင့်ကျောင်းသားကျောင်းသူများပုံမှန်အတိုင်းသွားလာလှုပ်ရှားလျက်ရှိ

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ငဖဲမြို့နယ်တွင် ဒီဇင်ဘာလ ၁၀ ရက်နေ့ ယနေ့နံနက်ပိုင်းက ဈေးရောင်းဈေးဝယ်လာသောဒေသခံပြည်သူများ၊ ခရီးသွားပြည်သူများ၊ သာသနာ့နွယ်ဝင်သီလ ရှင်များသည် ပုံမှန်အတိုင်းအေးချမ်းစွာသွားလာလှုပ်ရှားလျက်ရှိနေပြီး ဆရာ၊ဆရာမများနှင့် ကျောင်းသားကျောင်းသူ များကလည်း မိမိတို့၏ကျောင်းများသို့ သွားရောက်၍ အေးချမ်းပျော်ရွှင်စွာပညာသင်ကြားလျက်ရှိနေကြကာ ဌာနဆိုင်ရာ ဝန်ထမ်းများကလည်း သက်ဆိုင်ရာရုံးများသို့သွားရောက်၍ လုပ်ငန်းတာဝန်များကိုပုံမှန်အတိုင်း ထမ်းဆောင်လျက်ရှိကြောင်း သိရသည်။
Subscribe to