အမရပူရမြို့နယ်၌ ၂၀၂၂ ခုနှစ် မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကျင်းပ

အမရပူရ ဇွန် ၁၈

မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်၊ အမရပူရမြို့နယ်တွင် သစ်တောဦးစီးမှ ဦးဆောင်၍ ၂၀၂၂ခုနှစ် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် မိုးရာသီအကြို စုပေါင်း သစ်ပင်စိုက်ပျိုးပွဲတော်ကို ယနေ့နံနက်(၇)နာရီခွဲက ထုံးဘို-မြစ်ငယ်လမ်း လမ်းဘေးဝဲယာ၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်တွင် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဝဏ္ဏကျော်ထင် ဦးမောင်ကိုနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်း၊ ခရိုင်အဆင့် ဌာနဆိုင်ရာမှ တာဝန်ရှိသူများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဖြိုးအောင်ထွန်းနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ သစ်တောဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်ဌာနဆိုင်ရာ အရာရှိနှင့် ဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ၊ အမျိုးသမီးရေးရာ အဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း အသင်းဝင်များနှင့် ဒေသခံပြည်သူများ တက်ရောက်ပြီး စိန်ပန်းပျိုးပင်(၅၃၀)ပင်ကို သတ်မှတ်နေရာများတွင် တစ်ပျော်တစ်ပါးစုပေါင်း စိုက်ပျိုးပေးခဲ့ကြကြောင်း သိရသည်။

မြို့နယ် ပြန်/ဆက်