ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် အမှတ်(၂၅)အခြေခံပညာမူလတန်းကျောင်း၌ သွေးလွန်တုပ်ကွေး ရောဂါမဖြစ်ပွားစေရေး ကြိုတင်ကာကွယ်
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် (၄၈)ရပ်ကွက်ရှိ အမှတ်(၂၅) အခြေခံပညာမူလတန်းကျောင်းတွင် ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာရေးနှင့် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေးအတွက် အဘိတ်ဆေးခတ်ခြင်းနှင့် ခြင်ဆေး မှုတ်ခြင်း လုပ်ငန်းများကို ယနေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။