ဒိုက်ဦးမြို့နယ်၌ လယ်ယာကဏ္ဍတွင် စက်မှုလယ်ယာစနစ် ပြည့်ဝစွာ ပြောင်းလဲရန် ရည်ရွယ်၍ လက်ကိုင်ရှည်လက်တွန်းထွန်စက်တွင် လူထိုင်စီးပြီး သမန်းမွှေခြင်း သရုပ်ပြပွဲအားကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့နယ်အတွင်းရှိ တောင်သူများမိုးစပါးဖွံဖြိုးတိုးတက်ရေး၊ မြေဆီလွှာဖွံဖြိုးတိုးတက်ရေးအတွက် လက်ကိုင်းရှည်ကိရိယာတွင် လူထိုင်စီး၍ သမန်းမွှေကိရိယာဖြင့် ထွန်ယက်ခြင်းသရုပ်ပြပွဲကို ယမန်နေ့ နံနက် ၁၀ နာရီမှ ၁၂ နာရီအချိန်ထိ ဒိုက်ဦးမြို့နယ်၊ ကတုတ်ဘုရားကြီးတောင်သူ ဦးမျိုးမြင့်အောင်၏ လယ်၌ ကျင်းပပြုလုပ်သည်။

မကွေးတိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး မကွေးတိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ၏ စီစဉ်မှုဖြင့်ကျင်းပသည့် “Service Quality Vs Hotel Industry” အလုပ်ရုံဆွေးနွေးပွဲတက်ရောက်

မကွေးတိုင်း‌ဒေသကြီး ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ၏စီစဉ်မှုဖြင့် ကျင်းပသည့် “Service Quality Vs Hotel Industry” အလုပ်ရုပ်ဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲ၁နာရီ အချိန်က မကွေးမြို့ My River View Hotel တွင် ကျင်းပပြုလုပ်ရာ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန်၊ မြန်မာနိုင်ငံဟော်တယ်ဆိုင်ရာ လုပ်ငန်းရှင်များ အသင်း(မကွေးဇုန်)မှ တာဝန်ရှိသူများ၊ ဟိုတယ်လုပ်ငန်းရှင်များ၊ မကွေးတိုင်းဒေသကြီး ဟိုတယ်နှင့်ခရီး သွားညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

မိုးရာသီတွင်မျိုးစပါးများ ဆားရည်စိမ်ခြင်းနည်းပညာနှင့်​ ဘောင်ပျိုးစနှစ်ဖြင့်ပျိုး​​ထောင်ခြင်း တောင်သူပညာပေးကွင်းလက်တွေ့ပြသ

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့စိုက်ပျိုးရေးဦးစီးဌာနနှင့်ဝန်ထမ်းများသည် ယနေ့နံနက်ပိုင်းက ကော့နွဲကျေးရွာ အကျိုးဆောင်တောင်သူဦးဖုန်းမြင့်၏ လယ်မြေ၌တောင်သူများအား မျိုးစပါးဆား​ရည်စိမ်ခြင်းနည်းပညာနှင့် ​ဘောင်ပျိုးစနစ်ဖြင့်ပျိုး​​​ထောင်ခြင်း အသိပညာပေးဆွေးနွေးခြင်းနှင့် ကွင်းလက်တွေ့ပြသခြင်းကို ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဟိုင်းကြီးကျွန်းမြို့ တိုက်နယ်ပြည်သူ့ဆေးရုံသို့ ပမ္မဝတီရေတပ်စခန်းဌာနချုပ်၊ ဌာနချုပ်မှူး ဗိုလ်မှူးချုပ်တင်မောင်သန်း သွားရောက်ပြီး တာဝန်ရှိသူများနှင့်တွေ့ဆုံ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့တွင် ဇွန်လ ၁၇ ရက်နေ့နေ့လယ် ၁ နာရီအချိန်ခန့်က ဟိုင်းကြီးကျွန်းမြို့၊ တိုက်နယ်ပြည်သူ့ဆေးရုံသို့ ပမ္မဝတီရေတပ်စခန်းဌာနချုပ်၊ ဌာနချုပ်မှူး ဗိုလ်မှူးချုပ်တင်မောင်သန်း သွားရောက်ပြီး တာဝန်ရှိသူများနှင့်တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

ပြင်စလူမြို့၌ သစ်စိမ်းမြေသြဇာ ပိုက်ဆံလျှော်စိုက်ပျိုးနည်း အကြောင်း အသိပညာပေး Talk show ဆွေးနွေးပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ ပြင်စလူမြို့တွင်ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စိုက်ပျိုးရေးဦးစီးဌာနတို့ပူးပေါင်း၍ ယမန်နေ့နံနက် ၁၁ နာရီ အချိန်က သစ်စိမ်းမြေသြဇာ ပိုက်ဆံလျှော် စိုက်ပျိုးနည်းအကြောင်းအသိပညာပေး Talk Show ဆွေးနွေးပွဲကို ပြင်စလူမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ဒေးဒရဲမြို့နယ်တွင် စိုက်ပျိုးထုတ်လုပ်မှုမြင့်မားရေးနှင့် ကျန်းမာရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများ၏ စီမံကိန်းသီးနှံများ လျာထားဧကပြည့်မီကျော်လွန်ပြီး အထွက်နှုန်းကောင်းမွန်စွာ စိုက်ပျိုးထုတ်လုပ်နိုင်စေရန်နှင့် ကျန်းမာရေးဆိုင်ရာဆောင်ရန်၊ ရှောင်ရန်များအား သိရှိစေရန် ရည်ရွယ်၍ စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေးနှင့် ကျန်းမာရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကို ယမန်နေ့နံနက် ၁၀နာရီက ကုန်းတန်းကလေးကျေးရွာ၊ ‌ဗောဓိကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

အုတ်တွင်းမြို့နယ်၌စာရေးဆရာကြီးလယ်တွင်းသားစောချစ်ရေးသားသည့် စကားလက်ဆောင် စာအုပ်ဖြင့်စာဖတ်ဝိုင်း ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်မြို့နယ်စာအုပ်စာစောင်ချစ်မြတ်နိုးသူအသင်း(Book Club) အဖွဲ့တို့ပူးပေါင်း၍ လူထုအခြေပြုဗဟိုဌာန( Community Centre) ခန်းမတွင် ကျောင်းသား၊ လူငယ်များ စာပေ ဖတ်ရှုသည့် အလေ့အကျင့်များရရှိစေရေး၊

ပန်းတောင်းမြို့နယ်တွင် တရားရုံးအဆောက်အဦသစ် ဖွင့်လှစ်ခြင်း အခမ်းအနားကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် တရားရုံးအဆောက်အဦသစ် ဖွင့်လှစ်ခြင်းအခမ်းအနားကို ယမန်နေ့နံနက် ၈ နာရီခွဲအချိန်က မြို့နယ်တရားရုံးရှေ့တွင် ဖွင့်လှစ်ခဲ့ကြောင်းသိရသည်။
Subscribe to