ပန်းတနော် ဇွန် ၂၀
ဧရာဝတီတိုင်းဒေသကြီး ပန်းတနော်မြို့နယ်တွင် မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေးအတွက် သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) မြေမြှပ်ထည့်သွင်းခြင်း ကွင်းသရုပ်ပြပွဲကို ယမန်နေ့ မွန်းလွဲ ၂နာရီခွဲအချိန်က ဘဝိုင်းကျေးရွာ တောင်သူဦးမြင့်ဦး၏ ကွင်းအမှတ် ၄၆၃ (ခ)/ ဦးပိုင် ၂၅ ရှိ လယ်ယာမြေတွင် ကျင်းပပြုလုပ်ခဲ့သည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆန်းဗိုလ်၊ အတွင်းရေးမှူး ရဲမှူးကျော်ဇံ၊ အဖွဲ့ဝင် (၁)ဗိုလ်မှူးဇေယျာမြင့်၊ အဖွဲ့ဝင် (၂)ဦးသိန်းဝင်း၊ စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်မိုးထွန်းနှင့် ဝန်ထမ်းများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဒေသခံ တောင်သူလယ်သမားများက သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) မြေမြှပ်ထည့်သွင်းခြင်း ကွင်းသရုပ်ပြပွဲသို့ တက်ရောက်ကြည့်ရှုခဲ့ပြီး စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီမှူးမှ တောင်သူများအား သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်)ထည့်သွင်းကြဲပက်ခြင်းဖြင့် မြေဆီလွှာ ဖွံ့ဖြိုးတိုးတက်ခြင်းနှင့် ရေရှည်ရရှိလာမည့် အကျိုးကျေးဇူးများကို ရှင်းလင်းပြောကြား ဆွေနွေးခဲ့ကြောင်း သိရသည်။
ပန်းတနော်မြို့နယ်တွင် ၂၀၂၂ ခုနှစ် မိုးစပါးရာသီတွင် သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) ဧက ၁၀၀၀ စိုက်ပျိုး ထားကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ပြည့်ဖြိုးကျော်(ပြန်/ ဆက်)