ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မက်မန်းခရိုင်ရုံး (Community Centre)ခန်းမ၌ စာဖတ်ဝိုင်းကျင်းပ

မက်မန်း  ဇွန်  ၂၀

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊မက်မန်းမြို့နယ်၌ ယနေ့ နံနက် ၉ နာရီအချိန်က စာရေးဆရာ ခင်မောင်ညို(ဘောဂဗေဒ) ရေးသားသည့် “ဘဝတစ်လျှောက် အောင်မြင်ပျော်ရွှင်နည်း” စာအုပ်စာဖတ်ဝိုင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဌာန (Community Centre)ခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊   ဦးစီးအရာရှိ ဦးစိုင်းရွှေအောင်က ယခုလို ကျောင်းသား/သူများအား စာဖတ်ဝိုင်းဆောင်ရွက်ရသည့် ရည်ရွယ်ချက်နှင့် စာဖတ်ဝိုင်းများ ဆောင်ရွက်ပေးခြင်းကြောင့် ကျောင်းသား/သူများ စာဖတ်ခြင်းအားဖြင့် ရရှိနိုင်မည့် အသိပညာ ဗဟုသုတများတိုးပွားပြီး လူ့ပတ်ဝန်းကျင်တွင် အားကိုပြုနိုင်သည့် ခေတ်ပညာတတ် လူငယ်လူရွယ်များ အမှား/အမှန်ကို ခွဲခြားနိုင်သည့်ပညာတတ်များ ပေါ်ထွန်းလာစေရေးစသည်တို့ကို ရှင်းလင်း ပြောကြားခဲ့သည်။

အဆိုပါ စာဖတ်ဝိုင်းကို အ.ထ.ကမက်မန်းတွင် တက်ရောက်ပညာသင်ကြားနေသော အထက်တန်းနှင့် အလယ်တန်းအဆင့် ကျောင်းသား/သူများက စာရေးဆရာ ခင်မောင်ညို(ဘောဂဗေဒ) ရေးသားသည့် “ဘဝတစ်လျှောက်အောင်မြင်ပျော်ရွှင်နည်း” စာအုပ်အား အပြန်အလှန်ဆွေးနွေးခဲ့ကြောင်း သိရသည်။ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မက်မန်းခရိုင်ရုံး(Community Centre)ခန်းမအနေဖြင့် ပြည်သူအသိပညာပေး လုပ်ငန်းများဖြစ်သည့် ဟောပြောပွဲများ စာဖတ်ဝိုင်းများ နံရံကပ်စာစောင်ပြပွဲများ၊ ပုံပြင်ပြောပြိုင်ပွဲနှင့် ကဗျာရွတ်ဆိုပြိုင်ပွဲများကို လစဉ်ပုံမှန် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

သန်းမြတ်စိုး(ပြန်/ဆက်)