မိုးညို ဇွန် ၂၀
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၊ မြို့အဝင် မိုးညို-မင်းလှသွား ကားလမ်းဘေးရှိ မြို့နယ်သစ်တောဦးစီးဌာန ရုံးဝန်းအတွင်း၌ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ စုပေါင်း၍ မြို့စိမ်းလန်းစိုပြေသာယာရေးအတွက် မိုးရာသီသစ်ပင်စိုက်ပွဲတော်ကို ယနေ့နံနက် ၈ နာရီက ပြုလုပ်ခဲ့သည်။
သစ်ပင်စိုက်ပျိုးပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းသိဒ္ဓိနှင့် အဖွဲ့ဝင်များထံသို့ မြို့နယ်သစ်တောဦးစီးဌာနမှ တောအုပ်ဦးဇော်လွင်၊ ဦးသန်းထွန်းအောင်နှင့် အဖွဲ့ဝင်များက စိုက်ပျိုးမည့် ပျိုးပင်များအား ပေးအပ်ခဲ့သည်။ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ဝင်များ၊ အင်အား(၇၀)ဦးခန့်တို့က ကျွန်း(၃၀၀) ပင်၊ မန်ဂျန်ရှား(၄၀၀)ပင်နှင့် စိန်ပန်း(၅၀)ပင်၊ စုစုပေါင်း (၇၅၀)ပင်တို့အား တပျော်တပါး စိုက်ပျိုးခဲ့သည်။
မိုးညိုမြို့နယ်သစ်တောဦးစီးဌာနရှိ ပျိုးဥယျာဉ်တွင် ပျိုးပင်ပေါင်း (၈၀၀၀) ပျိုးထောင်ထားရှိပြီး စိုက်ပျိုးလိုသည့် ပြည်သူများ၊ ဌာနဆိုင်ရာများနှင့် ကျေးရွာများသို့ အခမဲ့ဖြန့်ဝေပေးလျက်ရှိကြောင်း သိရသည်။
ကိုမင်း(မိုးညို)