ရွှေတောင်မြို့နယ်တွင် မိုးစပါး (Drum Seeder) စိုက်ပျိုးခြင်းကွင်းဆင်းသရုပ်ပြ

ရွှေတောင် ဇွန် ၂၀

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ ကြို့ကုန်းကျေးရွာအုပ်စု၊ ဒေါင်းဇွန်းကျေးရွာကွင်းအမှတ်(၄၂၁)မင်းရွာကွင်းရှိ တောင်သူဦးပါကြီးအပါအဝင် တောင်သူ(၂)ဦး၏လယ်မြေ(၅)ဧကတွင် ၂၀၂၂ - ၂၀၂၃ ခုနစ်၊ မိုးစပါး(Drum Seeder) စိုက်ပျိုးခြင်းကွင်းဆင်းသရုပ်ပြပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။

အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးဟံဝင်းအောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ကြပ်အဖွဲ့မှသက်ဆိုင်ရာဌာနဆိုင်ရာများ၊ ကြာနီကန်ရပ်ကွက်၊ ကြို့ကုန်းကျေးရွာအုပ်စု၊ မီးလောင်ကျေးရွာအုပ်စု၊ မင်းကွန်းကျေးရွာအုပ်စုမှအုပ်ချုပ်းရေးအဖွဲ့ဝင်များ၊ ဒေသခံပြည်သူများ စုစုပေါင်းအင်အား(၅၀)ခန့်တက်ရောက်ခဲ့ကြပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မိုးစပါး(Drum Seeder)စိုက်ပျိုးခြင်း ကွင်းဆင်းသရုပ်ပြခြင်းကို လက်တွေ့စိုက်ပျိုးပြသခဲ့ကြောင်း သိရသည်။

ကိုကိုမင်း( ပြန်/ ဆက်)