ဝေမျှခြင်းပရဟိတမိသားစုမှ သောက်သုံးရေလိုအပ်နေသည့် ကျေးရွာများသို့ သောက်သုံးရေ လှူဒါန်းခဲ့ရာ ရေဂါလံနှစ်သိန်းငါးသောင်းရှစ်ထောင် လှူဒါန်းခဲ့ပြီဖြစ်

ညောင်ဦး  ဇွန်  ၂၀

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် သောက်သုံးရေလိုအပ်လျက်ရှိသော နတ်ပလင်ကျေးရွာနှင့် ကံကျဲကျေးရွာသို့ ယနေ့နံနက် ၉ နာရီ အချိန်က သောက်သုံရေဂါလန် (၃၂၀၀) သွားရောက်လှူဒါန်းခဲ့ကြောင်း အေးမေတ္တာသောက်ရေအလှူတော် အသင်းအကျိုးတော်ဆောင် များထံက သိရသည်။

ညောင်ဦးမြို့နယ်အတွင်း သောက်သုံးရေလိုအပ်လျက်ရှိသော ကျေးရွာများ/တဲတိုက်များသို့ ရန်ကုန်မြို့ ဝေမျှခြင်းပရဟိတမိသားစုမှ သောက်သုံးရေလှူဒါန်းပေးလျက်ရှိ နတ်ပလင်ကျေးရွာအတွက် သောက်သုံးရေဂါလန် (၁၆၀၀) နှင့်ကံကျဲကျေးရွာအတွက် သောက်သုံးရေဂါလန် (၁၆၀၀) လှူဒါန်းပေးနိုင်ခဲ့ရာ ဆောင်းဦးပေါက်ရာသီမှစတင်ပြီး သောက်သုံးရေလှူဒါန်းလာသည့် ရန်ကုန်မြို့ဝေမျှခြင်း ပရဟိတအသင်း အနေဖြင့် သောက်သုံးရေးလိုအပ်နေသောကျေးရွာများသို့ သောက်သုံးရေဂါလံ (၂၅၈၀၀၀) ဂါလန်လှူဒါန်းပေးနိုင်ခဲ့ကြောင်း သောက်သုံးရေ အကျိုးတော်ဆောင်များထံက သိရသည်။

ကိုကြေးမုံ