ကမမောင်းမြို့ လူထုအခြေပြုဗဟိုဌာနခန်းမတွင်ယာဉ်စည်းကမ်းလမ်းစည်းကမ်း အန္တရာယ်အကြောင်း အသိပညာပေး(Talk Show) ဆွေးနွေးပွဲကျင်းပ

ကမမောင်း  ဇွန် ၂၀

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့တွင် ယာဉ်စည်းကမ်းလမ်းစည်းကမ်း အန္တရာယ်အကြောင်းသိကောင်းစရာအသိပညာပေး(Talk Show)ကို ယနေ့ နံနက် ၁၀ နာရီက မြို့ပြန် ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးစီးဌာနရုံး၊ လူထုအခြေပြုဗဟိုဌာန (Community  Centre)ခန်းမ၌ကျင်းပခဲ့သည်။

ရှေးဦးစွာ ဖာပွန်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်နန်းခင်ခင်ထွန်းက (Talk Show) ပြုလုပ်ရခြင်းရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး ကမမောင်းမြို့ နယ်မြေရဲစခန်းမှ စခန်းမှူး ရဲအုပ်ဝင်းကြိုင်က မော်တော်ယာဉ်မောင်းသူများ လိုက်နာရမည့်စည်းကမ်းများ၊ ယာဉ်တိုက်မှု ဖြစ်ပွားစေသည့် အကြောင်းရင်းများ၊ ယာဉ်မမောင်းခင်ယာဉ်များကို သေချာစွာစစ်ဆေးရန်၊ မြို့တွင်းလမ်းမများတွင် ထားရှိရမည့်သင်္ကေတ အမှတ်အသားအဓိပ္ပါယ်များ၊ ယာဉ်စည်းကမ်းလမ်းစည်းကမ်းများ ဖောက်ဖျက်ပါက ကျခံရမည့်ပြစ်မှုပြစ်ဒဏ်များ၊ ယာဉ်စည်းကမ်းလမ်းစည်းကမ်းနှင့် ပတ်သက်သည့်အကြောင်းအရာများကို ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

အဆိုပါ ဆွေးနွေးပွဲ(Talk Show)ကို ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့်လမ်းညွှန်ချက်များနှင့်အညီ ကျင်းပခဲ့ကြောင်းသိရသည်။

တင်တင်လှ(ကမမောင်းပြန်/ဆက်)