ပြည်ခရိုင်ပြည်သူ့စာကြည့်တိုက် ကလေးစာဖတ်ခန်းအတွက် ဂျပန်နိုင်ငံ ရှန်တီ‌စေတနာ့ဝန်ထမ်း အဖွဲ့ (SVA) မှ စာအုပ်များ လှူဒါန်း

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်ခရိုင်ရုံး ပြည်သူ့စာကြည့်တိုက် ကလေးစာဖတ်ခန်းအတွက် ယနေ့ နံနက် ၁၀ နာရီက ဂျပန်နိုင်ငံ ရှန်တီစေတနာ့ဝန်ထမ်းအဖွဲ့ (Shanti Volunteer Association)(SVA) မှ စာအုပ်များလာရောက် လှူဒါန်းကြောင်း သိရသည်။

မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသ

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်တွင် ၂၀၂၂ ခုနှစ်၊ ဇွန်လ (၂၆) ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အကြိုအဖြစ် မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းကို ယနေ့နံနက် (၁၀) နာရီက ကော့ကရိတ်မြို့ အထက (၁) အခြေခံပညာအထက်တန်း ကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

ဇလွန်မြို့နယ် မီးသတ်ဦးစီးဌာနတွင် ရှာဖွေကယ်ဆယ်ရေးအင်အား အသင့်စုဖွဲ့ထားရှိမှုအား ကြည့်ရှုစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ် မီးသတ်ဦးစီးဌာနတွင် ရှာဖွေကယ်ဆယ်ရေး အင်အားအသင့်စုဖွဲ့ထားရှိမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းလင်းနှင့် အဖွဲ့ဝင်များ၊ ဟင်္သာတခရိုင် မီးသတ်ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးစိုးနောင်နှင့် တာဝန်ရှိသူများသည် ယနေ့နံနက် ၁၁ နာရီ အချိန်တွင် ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အကြို ပြပွဲများပြုလုပ်

၂၀၂၂ ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့တွင်ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို နံရံကပ်စာစောင်နှင့်စာအုပ်ပြပွဲကို

ပေါက်ခေါင်းမြို့၌ ရှေးဦးပြုစုခြင်း အခြေခံသင်တန်းဆင်း

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအ‌ခြေပြုပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပြန်/ဆက် ဦးစီးဌာနနှင့် မြို့နယ်ကြက်ခြေနီအသင်းခွဲတို့ ပူးပေါင်းပြုလုပ်သည့် ရှေးဦးပြုစုခြင်း အခြေခံသင်တန်းဆင်းပွဲကို ယမန်နေ့ နေ့လယ်ပိုင်းက ကျင်းပခဲ့ ကြောင်း သိရသည်။

ပေါင်းတည်မြို့နယ်တွင် အသက် ၈၅ နှစ်နှင့် အထက် အဘိုးအဘွား ၁၂၉၆ ဦးအား လူမှုရေးပင်စင်ထောက်ပံ့

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်တွင် အသက် ၈၅နှစ်နှင့်အထက် အဘိုး၊ အဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ခြင်း အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက ပေါင်းတည်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ် ခဲ့ကြောင်း သိရသည်။

ဆိပ်ကြီးခနောင်တိုမြို့နယ်၌ မိုးရာသီစုပေါင်း သစ်ပင်စိုက်ပျိုးပွဲ ကျင်းပ

ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်အတွင်း ပတ်ဝန်းကျင်စိမ်းလန်းသာယာ စိုပြေစေရေးအတွက် ၂၀၂၂ ခုနှစ်၊ မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲကို ယနေ့ နံနက် ၉ နာရီက ဦးထွန်းအိုရပ်ကွက်၊ ဖွံ့ဖြိုးရေးလမ်းမကြီးဘေးရှိ မြေနေရာတွင် ကျင်းပပြုလုပ်ခဲ့သည်။

ပဲခူးတက္ကသိုလ်၌ (၂၀၂၂-၂၀၂၃) ပညာသင်နှစ် ဘာသာရပ်ပေါင်းစုံ ပိုက်ကျော်ခြင်းပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပ

ပဲခူးတက္ကသိုလ် ကျောင်းတွင်း အားကစားပြိုင်ပွဲများ၊ AUG ပြိုင်ပွဲများနှင့် ကျောင်းပေါင်းစုံ ဖိတ်ခေါ်ပြိုင်ပွဲများတွင် အောင်မြင်မှုရရှိစေရန် ရည်ရွယ်၍ (၂၀၂၂-၂၀၂၃) ပညာသင်နှစ် ဘာသာရပ်ပေါင်းစုံ ပိုက်ကျော်ခြင်းပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် (၈:၃၀)နာရီက ပဲခူးတက္ကသိုလ်ရှိ အားကစားရုံ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရွှေတောင်မြို့နယ်တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အသိပညာပေး ဟောပြောပွဲကျင်းပ

ရွှေတောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(community centre)ခန်းမတွင် ယနေ့နံနက် ၁၀:၀၀ နာရီက အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲကျင်းပခဲ့သည်။

ပြည်ထောင်စုအစိုးရနှင့် တိုင်းဒေသကြီးခွင့်ပြု ရန်ပုံငွေများဖြင့် တွင်းနက်အဝီစိတွင်း တူးဖော်ခြင်းနှင့် ကျေးလက်ကုန်ထုတ်လမ်းများ ဖော်လုပ်

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပေါက်ခေါင်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စုအစိုးရခွင့်ပြု ရန်ပုံငွေနှင့် တိုင်းဒေသကြီး ခွင့်ပြုရန်ပုံငွေများဖြင့် ဆောင်ရွက်သည့် ကျေးလက်ရေရရှိရေး အဝီစိတွင်း နက်တူးဖော်ခြင်းနှင့် ကျေးလက်ကုန်ထုတ် လမ်းဖောက်လုပ်ခြင်းလုပ်ငန်းများက ဆောင်ရွက်လျက်ရှိရာ အဆိုပါလုပ်ငန်း ဆောင်ရွက်လျက်ရှိသည့်‌ ကျေးရွာများသို့ ပေါက်ခေါင်း မြို့နယ်ကျေးလက်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးဌေးဇော်နှင့် ဝန်ထမ်းများက ယမန်နေ့က ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
Subscribe to