ပေါက်ခေါင်း ဇွန် ၂၁
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပြန်/ဆက် ဦးစီးဌာနနှင့် မြို့နယ်ကြက်ခြေနီအသင်းခွဲတို့ ပူးပေါင်းပြုလုပ်သည့် ရှေးဦးပြုစုခြင်း အခြေခံသင်တန်းဆင်းပွဲကို ယမန်နေ့ နေ့လယ်ပိုင်းက ကျင်းပခဲ့ ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ချစ်နှင်းသုန်နှင့် ပေါက်ခေါင်းမြို့နယ် ကြက်ခြေနီအသင်းခွဲတပ်ဖွဲ့မှူး ဒေါ်ဝင်းရီတို့က သင်တန်းဆင်း အမှာစကားများ အသီးသီးပြောကြားခဲ့သည်။
အဆိုပါ ရှေးဦးပြုစုခြင်း အခြေခံသင်တန်းကာလတွင် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူးဒေါ်ဝင်းရီက ကြက်ခြေနီအကြောင်း သိကောင်းစရာများနှင့် ကြက်ခြေနီ အသင်းဖြစ်ဖေါ်လာပုံ၊ ကြက်ခြေနီအသင်း၏ ရှေးဦးပြုစု နည်းစနစ်များကို သင်တန်းသား / သူများအား ရှင်းလင်းပြောကြားပြီး၊ သင်တန်းနည်းပြများက စာတွေ့၊ လက်တွေ့နှင့် သရုပ်ပြနည်းတို့ကို သင်ကြားပေးခဲ့ပြီး သင်တန်းကာလမှာ ဇွန်လ ၁၈ ရက်နေ့မှ ၂၀ ရက်နေ့အထိ (၃) ရက်ကြာဖွင့်လှစ် ပို့ချသင်ကြားပေးခဲ့ ကြောင်း သိရသည်။
သန်းထွန်းအောင်(ပြန်/ဆက်)