တာမွေမြို့နယ်ရှိ ခုနှစ်ပင်လိမ်ချောင်း တစ်လျှောက်ရေစီးရေလာ ကောင်းမွန်စေရေးအတွက် အထူးအလေးထားဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ တာမွေမြို့နယ်ရှိ ခုနှစ်ပင်လိမ်ချောင်းတစ်လျှောက် သန့်ရှင်းသာယာလှပပြီး မိုးသည်းထန်စွာ ရွာသွန်းချိန်များတွင် ချောင်းအတွင်း ရေစီးရေလာကောင်းမွန်စေရေးအတွက် ယနေ့ နံနက်ပိုင်းအချိန်က မြို့နယ်စည်ပင်သာယာရေးကော်မတီမှ ဝန်ထမ်းများက အဆိုပါချောင်းအတွင်းရှိ နုန်းများ၊ အမှိုက်များအား ဆယ်ယူရှင်းလင်းခြင်းနှင့် ချောင်းအနီးပတ်ဝန်းကျင်ရှိ ချုံနွယ်ပိတ်ပေါင်းများအား ရှင်းလင်းခြင်းလုပ်ငန်းကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာသည့် PDF အဖွဲ့ဝင်များ ၎င်းတို့၏ မိဘအုပ်ထိန်းသူများထံ လွှဲပြောင်းပေးအပ်

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ နတ်သျှင်နောင်ခန်းမတွင် ယမန်နေ့နံနက်ပိုင်းက ပြစ်မှုကျူးလွန်ခဲ့ခြင်းမရှိသော တောင်ငူမြို့နယ်အတွင်းမှ PDF အဖွဲ့ဝင် အမျိုးသား (၆)ဦးအား မိဘအုပ်ထိန်းသူများထံ လွှဲပြောင်းပေးအပ်ပွဲ ပြုလုပ်သည်။

လှည်းကူးမြို့နယ်တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်ပြိုင်ပွဲများ ကျင်းပပြုလုပ်

 ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်တွင် ၂၀၂၂ခုနှစ်၊ ဇွန်လ(၂၆)ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အကြိုအထိမ်းအမှတ်အဖြစ် ကာယ၊ ဉာဏစွမ်း ရည်ပြိုင်ပွဲများကို ယနေ့မွန်းလွဲ(၁)နာရီအချိန်တွင် လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ဒေးဒရဲမြို့၌ စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေး ကွင်းဆင်းကြီးကြပ်ရေးအဖွဲ့များ ညှိနှိုင်းအစည်းအဝေးကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်း ကျေးရွာအုပ်စုများရှိ တောင်သူများ၏ စိုက်ပျိုးသီးနှံများ အထွက်နှုန်း တိုးတက်မြင့်မားရေး၊ တောင်သူများ၏ လိုအပ်ချက် အခက်အခဲများကို အမြန်ဆုံးဖြည့်ဆည်း အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် မြို့နယ်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး ကြီးကြပ်ရေးအဖွဲ့များက သက်ဆိုင်ရာ ကျေးရွာများအရောက် ကွင်းဆင်းဆောင်ရွက် ပေးလျက်ရှိရာ ယနေ့ နံနက်ပိုင်းတွင် အဆိုပါ ကွင်းဆင်းကြီးကြပ်ရေးအဖွဲ့များ ညှိနှိုင်းဆွေးနွေးပွဲကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ကြံခင်းမြို့နယ် မီးသတ်ဦးစီးဌာနတွင် တပ်ဖွဲ့ဝင်များစုဖွဲ့ထားရှိမှုနှင့် ကယ်ဆယ်ရေးပစ္စည်း ပြင်ဆင်ထားရှိမှုအား ကြည့်ရှုစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင် လက်ထောက်ညွှန်ကြားရေးမှူး ဦးစိုးနောင်မှ ကြံခင်း မြို့နယ်မီးသတ်ဦးစီးဌာနတွင် တပ်ဖွဲ့ဝင်များစုဖွဲ့ထားရှိမှုနှင့် ကယ်ဆယ်ရေးပစ္စည်းများ ပြင်ဆင် ဆောင်ရွက်ထားရှိခြင်းကို ယမန်နေ့နေလည်ပိုင်းက ကြည့်ရှုစစ်ဆေးခဲ့သည်။

ရွှေတောင်မြို့နယ်တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲကျင်းပ

ရွှေတောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(community centre)ခန်းမတွင် ယနေ့နံနက် ၁၀:၀၀ နာရီက အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲကျင်းပခဲ့သည်။

ကျန်းမာရေးဝန်ကြီးဌာန၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန၊ သူနာပြုနှီးနွယ် ကွင်းဆင်းလေ့ကျင့် သင်တန်းကျောင်းမှ ဂျူတီကုတ်နှင့် ဦးဆောင်း ပေးအပ်ပွဲ ကျင်းပ

ကျန်းမာရေးဝန်ကြီးဌာန ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန၊ သူနာပြုနှီးနွယ်ကွင်းဆင်း လေ့ကျင့်သင်တန်းကျောင်းမှ ကျင်းပပြုလုပ်သည် အပတ်စဉ် (၂) သင်တန်းတွင် ဂျုတီကုတ်နှင့် ဦးဆောင်းပေးအပ်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီအချိန်က ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် အမှတ် (၁၅) ရပ်ကွက် အမှတ်၂ လမ်းမကြီးရှိ အဆိုပါသင်တန်းကျောင်း အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ် သည်။

ပန်းတောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Booster ဆက်လက်ထိုးနှံ

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်​ဆေး Booster အား ဆက်လက်ထိုးနှံခြင်းကို ယနေ့နံနက်ပိုင်းက ဆေးထိုးစုရပ်(၅)နေရာ ဆက်လက်ထိုးနှံပေးခဲ့ရာ ဒေသခံပြည်သူများ ကာကွယ်ဆေး လာရောက်ထိုးနှံခဲ့ကြောင်း ပန်းတောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးမှ သိရသည်။

ဒိုက်ဦးမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာများ ပုံမှန်ထုတ်ပေး

ပဲခူးတိုင်း​ဒေသကြီး၊ ပဲခူးခရိုင်၊ ဒိုက်ဦးမြို့နယ် မြန်မာ့စီးပွားရေးဘဏ်၌ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများကို ​​ယနေ့နံနက်ပိုင်းမှစတင်၍ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။ 
Subscribe to